30 C
Yangon

မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရုံး၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုမြို့ရှိ စစ်တပ် တပ်ရင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရုံး၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုမြို့ရှိ စစ်တပ် တပ်ရင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်ရုံး၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သား များကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force – Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့၊ ကားကြီးကွင်းအနီး၊ နတ်လူထိပ်ပန်ရပ် ကွက်ရုံး၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ပြောက်ကျားစနစ်ဖြင့်အလစ်အ ငိုက်ဝင်ရော်ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ည ၁၁ နာ ရီ အချိန်တွင် ထပ်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား ၁ ဦးထပ်မံသေဆုံးသွားကြောင်း သိရ သည်။

“ရပ်ကွက်ရုံးမှာ အထိုင်ချတပ်စွဲထားပါ၊ အရင်ကတော့ ၁၀ ဦးလောက်ပဲရှိတယ်၊ မနေ့က မနက်က မှ အင်အား ထပ်ဖြည့်ထားတာ ၁၅ ကောင်လောက်တော့ရှိတယ်” ဟု Golden Eagle Force – Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုအပြီး ထိခိုက်သေဆုံးဒဏ်ရာရ စစ်သားများကို နာရေးကားဖြင့် လာရောက် သယ်ဆောင်သွားပြီး အိမ်စီးကား ၂ စီးဖြင့် အနီးနားပတ်ဝန်းကျင်ကို လှည့်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force – Monywa ၊ Ka Naung Min Tar Gyi(Monywa) ၊ ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့နှင့် မုံရွာဘီလူးမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မုံရွာမြို့တွင်း စစ်ဆင်ရေးများကို အရှိန်မြှင့်တင်မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနေထိုင်ရာ အနီးပတ်ဝန်းကျင်မှ ဝေးဝေးနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ခလရ ၂၅၆ ၊ ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ်ရင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံး ကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ရေစကြိုမြို့ရှိ အကြမ်းဖက်စစ် ကောင်စီ ၏ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆ ၊ ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ်ရင်းတို့ အတွင်း အီနာဂါဗုံး သီး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ခလရ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ် ၃ တပ်လုံးကို အပေါ်ကနေ ဒရုန်းလေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက် ခဲ့တာ၊ ၁၁ နာရီလောက်ကတည်းက စပြီးတော့ ဗုံးကျဲတိုက်ခိုက်တာ၊ နေ့လည် ၂ နာရီလောက်မှ ပြီး ခဲ့တာပေါ့၊ တပ်တစ်တပ်ကို အနည်း ၇ လုံး ၈ လုံးလောက်ချခဲ့တာ၊ အကုန်လုံးပေါင်းရင် အလုံး အစိတ် ၃၀ လောက်တော့ရှိမှာပေါ့၊ သေတာတော့မကြားသေးဘူး၊ မနေ့က ညနေပိုင်းမှာ ဒဏ်ရာရတဲ့သူတွေ ကို ပခုက္ကူပို့တယ်လို့ သိရတယ်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်း ပြန်ပစ်တယ်၊ နောက်ပြီး တော့ ပွိုင့် ၅ နဲ့ပစ်တဲ့အသံတွေလည်းကြားရတယ်၊ ဒရုန်းကို ပစ်တာထင်တယ်” ဟု ရေစကြိုပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ နှင့် ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရင်းများ အတွင်းမှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article