25 C
Yangon

ရခိုင်တွင် တိုက်ပွဲများနှင့် စစ်ဆင်ရေးများ ပိုမိုအရှိန်မြင့်တက်လာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလထက် နှစ်ပတ်ကျော်ကျော်နောက်ကျခဲ့ပြီးမှ စတင်ခဲ့သော ရခိုင်ဒေသစစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး ယနေ့အထိ AAနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ ပိုမိုအရှိန်မြင့်လာပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကထုတ်ပြန်သည်။

AA၏ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား ရက္ခိုင်ဒေသတွင်း တိုက်ပွဲများသည် ရခိုင် ဒေသ၏ နေရာအသစ်များ၌ ဖြစ်ပွားလျက်ရှိနေပြီးလက်ရှိအချိန်အထိ တိုက်ပွဲများပြင်းထန်လျှက်ရှိနေကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်မြို့နယ်များတွင် AA နှင့် စစ်ကောင်စီထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဖြစ်ပြီး တစ်ဝက်တစ်ပျက် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ တပ်စခန်းအချို့အား အပြီးသတ်သိမ်းပိုက်ရယူရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အသက်ရှင်လျှက် မိသားစုနှင့် အတူတကွနေထိုင်လိုလျှင် ရက္ခိုင့်တပ်တော်ထံသို့ လက်နက်ချ အလင်းဝင်ရောက်ကြရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေးပြောဆိုထားသည်။

ရခိုင်ပြည်သူများကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်းနှင့် လက်နက်ချ အညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် ရခိုင်မှ ဒေသခံအများအပြားမှာလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်မှုများပြုလုပ်လျှက်ရှိနေကြကြောင်း ဒေသခံများက ဆိုသည်။

တောင်ကုတ် ဒေသခံတစ်ဦးက “တိုက်ပွဲတွေက တဖြည်းဖြည်းနဲ့ ဒီဘက်ကိုရောက်လာမှာကို စိုးရိမ်ပြီးတော့ အိမ်က မိသားစုကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ထားပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကိုပေါ့ ” ဟု ပြောသည်။

ထို့ပြင် ပြည်နယ်မြို့တော်ဖြစ်သော စစ်တွေမြို့တွင်လည်း စစ်တွေမှ ရန်ကုန်သို့ပြေးဆွဲနေသည့် လေယာဥ်လက်မှတ်များမှာ စံချိန်တင်စျေးမြင့်တက်နေသော်လည်း စစ်တွေမှ သွားလာသူများမှာ မပြတ်ရှိနေကြောင်း လေယာဥ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။

“အချို့က မိသားစုလိုက်ရန်ကုန်သွားနေကြတာ တိုက်ပွဲစဖြစ်ပြီး လေး ၅ရက်ဆိုတာနဲ့ လေယာဥ်လက်မှတ်တွေ စျေးထိုးတက် သွားတယ်။ အခုထိလည်း သွားနေကြတုန်းပဲ။ သိရသလောက် တစ်ချို့ဆိုရင် မိသားစုတွေစုပြီး လေယာဥ်ကို စင်းလုံးငှားတာမျိုးတောင်ရှိတယ် ” ဟု လေယာဥ်လက်မှတ်ရောင်းချသူတစ်ဦးက ဆိုသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်အထိ ရာနှင့်ချီသော စစ်ကောင်စီလက်အောက်ခံ စခန်းများနှင့် ခြေလျင်တပ်ရင်းအချို့အားကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

ထိုသို့ သိမ်းပိုက်ရရှိလာမှုနှင့်အတူ စစ်ကောင်စီဘက်မှလည်း အရပ်သားများကို ပစ်မှတ်ထားဦးတည်ကာ လက် နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကိုလုပ်ဆောင်လာနေကြောင်း ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article