25 C
Yangon

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရ

■ စေတီ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တွင်းရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စေတီများနှင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးပြီး သံဃာ ၁ ပါးအပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ကိုးတောင်ဘို့တိုက်နယ်၊ သင်တောရွာမှ နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံ၊ စေတီနှင့် ဘုရားဆင်းတုများ ပျက်ဆီးခဲ့ပြီး သံဃာ ၁ ပါးအပါအဝင် ပြည်သူ ၅ ‌ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကိုးတောင်ဘို့တိုက်နယ်၊ ဇော်ချောင်းရွာ ဘုန်းကြီးကျောင်းရှိ ဆွမ်းချက်ဆောင်နဲ့ ဇရပ်‌တို့ ထိမှန်ခဲ့ပြီး အသက်၇၈ နှစ်အရွယ် အဖိုးအို ၁ ဦးနှင့် အသက် ၈၁ နှစ်အရွယ် အဖွားအို ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ချပ်သင်းတိုက်နယ် ဇီးကုန်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းမှာလဲ ပျက်ဆီးမှုအနည်းငယ်ရှိကြောင်း မပေါက်ကွဲသေးသော ဗုံးသီးနှစ်လုံးကြောင့် ပြည်သူများ အထိအခိုက်မှု မရှိခဲ့ကြောင်း၊ ပင့်သာတိုက်နယ်အတွင်းရှိ ပင့်သာ(တည်ပင်)ရွာ၊ ညောင်ကုန်းရွာတို့လည်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်ဆီးမှု မရှိဘဲ မကျီးကုန်းရွာမှ နေအိမ် ၅ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ်က စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများနှင့် ဘာသာရေး အဆောက်အဦး များကို အကြောင်းမဲ့ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပင့်သာ၊ ချပ်သင်းနှင့် ကိုးထောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article