25 C
Yangon

မြောင်မြို့မရဲစခန်းနှင့် ချောင်းဦးမြို့နယ်ရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး စစ်ကြောင်းမှူး အပါအဝင် ၁၁ ဦး ဒဏ်ရာရ

Must read

မြောင်မြို့မရဲစခန်းနှင့် ချောင်းဦးမြို့နယ်ရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး စစ်ကြောင်းမှူး အပါအဝင် ၁၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းနှင့် ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်ကောင်စီတပ်စခန်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှ ၂ နာရီအချိန်အထိ အဖြူရောင်ကမ်ပိန်းလှုပ်ရှားမှုနှင့် အတူ မြောင်မြို့မရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် AIR BOMB ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၁ ဦးသေဆုံးပြီး စစ်ကြောင်းမှူးအပါအဝင် ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရ သည်။

“မြောင်မြို့ထဲမှာတော့ စစ်ခွေးတွေ လှည့်ပတ်နေတယ်၊ သေသွားတဲ့ တစ်ကောင်ကိုတော့ တစ်ခါ တည်း သေနတ်တွေ ပစ်ဖောက်ပြီး သင်္ဂြိုလ်ပစ်လိုက်တာ၊ ဒရုန်းချတော့ အော်ပြေးကြတဲ့ အသံတွေ ကြားရတယ်၊ မြောင်မှာ ဒုတိယတစ်ခေါက် ချတော့ သင်တန်းသားတွေက အခုမှ စသင်တုန်းမို့ Target နည်းလည်းလေးလွဲသွားလို့ မဟုတ်ရင် ပျူတွေအခုထက်ပိုမိမှာ” ဟု စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အလားတူ ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီခန့်မှ ၅ ခန့်အထိ ချောင်းဦးမြို့နယ်၊ နတ်ရေကန် ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးမှာ ခြေထောက်၊ လက်တို့၌ ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာ စိုးရိမ်ရဖြင့် မြင်းမူဆေးရုံသို့ ကားဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF၊၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း – NRDF၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း – မြေလတ်PDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ CHAUK PDF ၊ မြောင်မြို့မတိုက်နယ် ပကဖ၊ ကလေး ခရိုင် အမှတ် ၁၁ တပ်ရင်း၊ Justice Warrior Forces၊ ရွှေဘိုတိုက်နယ် ပကဖနှင့် ရွှေဘိုတိုက်နယ် ၁ ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article