25 C
Yangon

ရွှေဘိုမြို့နယ်၊ကျားရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦး သေဆုံး

Must read

ရွှေဘိုမြို့နယ်၊ကျားရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာမှ ပျူစောထီးများ၊ ဖုတ်ကုန်းကျေးရွာမှ ပျူစောထီးများ ပူးပေါင်း၍ လေ့ကျင့်ရေး ၈ (ကိုးပင်တပ်)တပ်အတွင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ် ခတ်ရာ ကျားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ပြည်သူ ၂ ဦးထိမှန်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်နက်ကြီးထိမှန်လို့ ကျားကျေးရွာမှ အသက်၁၅နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၄၉နှစ်အရွယ် အမျိုး သား ၁ ဦး ကျည်ထိမှန်သေဆုံးပါတယ်။ စုစုပေါင်းပြည်သူ ၅ ဦးလက်နက်ကြီးထိမှန်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းများဖြင့် ကျေးရွာများကို လှည့်လည် မီးရှို့ခြင်း၊ ပြည်သူများကိုသတ်ဖြတ်ခြင်း၊ တန်ဖိုးရှိ ပစ္စည်းများကို လုယက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ တောက်လျှောက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရွှေဘိုမြို့နယ် ကျားကျေးရွာကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article