25 C
Yangon

သရက်ချောင်းမြို့နယ်ရှိ စစ်တပ် စစ်ကြောင်း စခန်းချရာ သဲချောင်းကြီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်ကောင်စီ တပ်သားများက စခန်းကို မီးရှို့ကာ စွန့်ခွာ ထွက်ပြေး

Must read

သရက်ချောင်းမြို့နယ်ရှိ စစ်တပ် စစ်ကြောင်း စခန်းချရာ သဲချောင်းကြီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်ကောင်စီ တပ်သားများက စခန်းကို မီးရှို့ကာ စွန့်ခွာ ထွက်ပြေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားသော စစ်တပ် စစ်ကြောင်း စခန်းချရာ သဲချောင်းကြီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးစခန်းကို ရောက်ရှိနေသော အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ပြီး တောင်ပျောက်တိုက်နယ် အတွင်းရှိ ကျေးရွာတချို့ကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာနေ ပြည်သူ တချို့ကို ဖမ်းဆီးကာ လူသားဒိုင်း အဖြစ်ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကို ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်းနှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ရန် ခံစစ်ပြင်ဆင် စောင့်ဆိုင်းနေစဥ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်နယ်အတွင်း ဆက်လက် စစ်ကြောင်းထိုးခြင်းမရှိဘဲ ဖမ်းဆီးထားသော ကျေးရွာနေ ပြည်သူများကို ပြန်လွှတ်ပေးပြီး ၎င်းယာယီစခန်းချရာ သဲချောင်းကြီးစခန်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် စစ်ကြောင်း ယာယီစခန်းချရာ သဲချောင်းကြီးစခန်းကို ၆၀ မမ စိန်ပြောင်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အမြားဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သဲချောင်းကြီးစခန်း၌ ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်တက် စစ်ကြောင်းသည် စခန်းကို မီးရှို့ကာ ပြည်သူများထံမှ ချောဆွဲထားသော ကားများဖြင့် စွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုကတော့ အတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီ တပ်သားတွေကတော့ စခန်းကို မီးရှို့ပြီး စွန့်ခွာ ထွက်ပြေးသွားပြီ” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာများကို နွေဦးပြောက်ကျား တပ်ဖွဲ့၊ ဝံပုလွေတပ်စုနှင့် ပူးပေါင်း၍လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း သရက်ချောင်းမြို့နယ်၊ ဝင်းဝတံတားစခန်းကုန်းကို ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့နှင့် ပူးပေါင်း၍ ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article