25 C
Yangon

မတူပီမြို့နယ်၊ ချန်းပြန်းရွာအနီး စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး ပြင်းထန် ဒဏ်ရာရ၊ စစ်တပ်က ချန်းပြန်းရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

Must read

မတူပီမြို့နယ်၊ ချန်းပြန်းရွာအနီး စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး ပြင်းထန် ဒဏ်ရာရ၊ စစ်တပ်က ချန်းပြန်းရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်းပြန်းရွာအနီး စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး ပြင်းထန် ဒဏ်ရာရပြီး စစ်တပ်က ချန်းပြန်းရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF – Matupi တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက်ညနေ ၅ နာရီခန့်က မတူပီမြို့ရှိ ခလရ ၃၀၄ တပ်ရင်းမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CDF – Matupi တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦး ပြင်းထန်ဒဏ်ရာရပြီး စစ်တပ်က ချန်းပြန်းရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲတိုက်ခိုက်လိုက်တာအထိနာလို့ မီးရှို့နေတာ၊ သေတဲ့သူတော့ အတည်ပြုလို့မရဘူး၊ ဆေးရုံ ရောက်တဲ့သူတွေလောက်ပဲ သတင်းပြန်ရသေးတယ်။ တစ်ယောက်ကတော့ ခြေ နှစ်ဖက်စလုံးပြတ် တယ်၊ နောက်တစ်ယောက်ကတော့ ခြေတစ်ဖက်ပြတ်တယ်၊ နောက်တစ်ယောက်ကတော့ မျက်စိ ထိခိုက်ဒဏ်ရာရတယ်၊ နောက်ထပ် ၃ ယောက်အကြီးအကျယ်ဒဏ်ရာဆိုပြီးတော့ ၆ ဦးပေါ့၊ နောက် ပြီးတော့ အချို့အချို့တွေဆိုရင်လည်း ဒဏ်ရာတွေ အများကြီး ရကြတယ်လို့ သိရတယ်၊ အထမ်းတွေ သယ်သွားပြီးတော့ ကားနဲ့လာကြိုတာတွေလည်း တွေ့တယ်၊ ဒါပေမယ့် ဘယ်နှစ်ယောက် သေတယ် ဆို တာတော့ တိတိကျကျ မသိရဘူး၊ ပြည်သူတွေကတော့ ထိခိုက်မှုမရှိပါဘူး၊ အကုန်လုံးရှောင်ခိုင်း ထားပြီးသား၊ စစ်ခွေးတွေက ရွာထဲမှာ ရှိနေသေးလို့ ကွင်းမဆင်းနိုင်သေးဘူး၊ နေအိမ်ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာ မသိရသေးဘူး၊” CDF – Matupi တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြင်းထန် ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးကို လက်ရှိချိန်တွင် မတူပီမြို့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသလျက်ရှိကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၃၀ ရက်နေ့က ထွက်ခွာလာခြင်းဖြစ်ပြီး အင်အား ၁၀၀ ခန့်သည် တပ်ရင်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကာ ကျန်အင်အား ၁၀၀ ခန့်မှာ ချန်းပြန်းရွာအတွင်းကျန်ရှိနေသေးသဖြင့် နယ်မြေရှင်းလင်းရေးလုပ်နိုင်ခြင်းမရှိသေးပဲ နေအိမ်မီး လောင်ပျက်စီးမှုအရေအတွက် အတိအကျ မသိရသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article