25 C
Yangon

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ပျူစောထီးစခန်းကို ဗုံးကျဲမှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်

Must read

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ပျူစောထီးစခန်းကို ဗုံးကျဲမှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို ရွှေဘိုမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့များနှင့် တန့်ဆည်PDF ပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း တန့်ဆည်PDF ထံမှ သိရှိရသည်။

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာအတွင်း တပ်စွဲထားသော အင်အား၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများကို ဖေဖော်ဝါရီလ ၁ရက် မွန်းလွဲ ၂ နာရီ ၁၅မိနစ်မှ ၄နာရီ ၁၈မိနစ်အချိန်အထိ ဗုံးသီး ၁၁လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တန့်ဆည်PDF ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

” ရွှေဘိုနယ်ထဲက ဇီးဖြူကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီး အကြီး ၁၁လုံးကြဲတာပါ။ စကစတွေ ပျူတွေ ၁၀၀ကျော်လောက် တပ်စွဲထားတဲ့ စခန်းကြီးဆိုတော့ ထိခိုက်မှုများတယ်။ သူတို့အထိနာလို့ လက်နက်ကြီးတွေနဲ့ ပြန်ထုတာ။ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်။ သူတို့ဘက်က ထိခိုက်မှုကိုတော့ စုံစမ်းဆဲပါ” ဟုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Black Wolf Army၊ Who am I Army၊ Forest Fighter Army၊ Snake Eye PDF၊ ပြည်သူ့အစေခံအဖွဲ့ တို့နှင့်အတူ တန့်ဆည်PDF – Taze People’s Defense Forceက ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- Eagle Brigade (AnyarEagles)၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article