25 C
Yangon

မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု တစ်ရွာလုံးပြာကျ ၊ လေဖြတ်နေသော အဘွားအိုတစ်ဦး မီးထဲပါသွားပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ နဂါးတွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက မီးရှို့ ဖျက်ဆီး ခဲ့ရာ တစ်ရွာလုံးပြာကျ ဆုံးရှုံးခဲ့ပြီး ထွက်ပြေးနိုင်ခြင်းမရှိသည့် လေဖြေတ်နေသော အဘွားအို ၁ ဦးလည်း မီးလောင်သေဆုံးကြောင်း BNRA စေတန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သ တင်းဌာနထံသို့ ပြောကြာားသည်။

ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီခန့်က အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်သားများကို နဂါးတွင်းရွာတောက်ဘက်အရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ထိုသို့ တိုက်ခိုက်မှုကြောင့် အထိနာသော အကြမ်းဖက်စစ်သားများက နဂါးတွင်း ရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီးတော့ နဂါးတွင်းရွာထဲကို ဝင်ပြီး မီးရှို့သွားတာ၊ နေအိမ် ၁၀၀ ကျော်ရှိတဲ့ရွာ တစ်ရွာ လုံးပြာကျသွားတယ်ဗျ၊ လေဖြတ်နေတဲ့ အဖွားအိုတစ်ယောက်လည်း အရှင်လတ်လတ်မီးရှို့သတ် ဖြတ်သွားတယ်၊” ဟု BNRA စေတန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြာားသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က မီးရှို့ထားသော ကျေးရွာတစ်ခု။(ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article