29 C
Yangon

တိုင်းရင်းသားများနှင့် နွေဦးတော်လှန်ရေးလှိုင်း တို့၏ ပူးပေါင်းအားကြောင့် စစ်ကောင်စီကို တွန်းလှန်ပစ်နိုင်သည့် အခြေအနေ ရောက်ရှိနေပြီး စစ်အုပ်စု ကျဆုံးတော့မည်ဟု KIO ဥက္ကဋ္ဌ ပြောဆို

Must read

တိုင်းရင်းသားများနှင့် နွေဦးတော်လှန်ရေးလှိုင်း တို့၏ ပူးပေါင်းအားကြောင့် စစ်ကောင်စီကို တွန်းလှန်ပစ်နိုင်သည့် အခြေအနေ ရောက်ရှိနေပြီး စစ်အုပ်စု ကျဆုံးတော့မည်ဟု KIO ဥက္ကဋ္ဌ ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံတွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးလှိုင်း တို့၏ ပူးပေါင်းအားကြောင့် အကြမ်းဖက် စစ်ကောင်စီကို တွန်းလှန်ပစ်နိုင်သည့် အခြေအနေ ရောက်ရှိပြီး စစ်အုပ်စု ကျဆုံးတော့မည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်သည်။

ယနေ့ ကျရောက်သည့် ၆၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးသည် ခေတ်အဆက်ဆက် တော်လှန်ရေးများတွင် အင်အားအကြီးဆုံး သော တော်လှန်ရေးဖြစ်ကြောင်း၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးလှိုင်း တို့၏ ပူးပေါင်းအားကြောင့် စစ်ကောင်စီကို တွန်းလှန်ပစ်နိုင်သည့် အခြေအနေ ရောက်ရှိပြီး စစ်အုပ်စု ကျဆုံးတော့မည်ဖြစ်ကြောင်း၊ တော်လှန်ရေးအလွန် အနာဂတ် ပြည်ထောင်စုသစ်ကို တည်ဆောက်ရာတွင် တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်စွာဖြင့် ပြည်ထောင်စုသစ် တည် ဆောက်ရေး အမြင်သဘောထားများကို မဖြစ်မနေ ကျေလည်အောင် ဆွေးနွေး ညှိနှိုင်းသဘောတူ ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုသည်။

ထို့ပြင် တော်လှန်ရေးအင်အားစုများအကြား ပွတ်တိုက်မှုများ ဖြစ်လာနိုင်ပြီး သဘောထားကွဲမှုများ မရှိစေရန် ညှိနှိုင်းကြရန်လည်း လိုအပ်ကြောင်း ၊အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ဆက်လက် အကောင် အထည်ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article