30 C
Yangon

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

Must read

■ ရသေ့တောင်မြို့ပေါ်ရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်သားများက ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်စ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင်အကြမ်းဖက်စစ်တပ်၏ မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းက ပြည်သူများနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြောက်ဦးမြို့နယ်၊ သရက်ချိုကျေးရွာအနောက်ဘက်ရှိ လယ်ကွင်းထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်ကွင်းအတွင်း စပါးရိတ်သိမ်းနေကြသည့် အသက် ၄၅ နှစ်အရွယ် ကျေးရွာသား ၁ ဦးသည် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အသက် ၇ အရွယ် အဘိုး ၁ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ အမှတ် ၂၃၂ တပ်ရင်းက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာရှိ ပြည်သူ အမျိုးသမီး ၁ ဦးမှာ ဦးခေါင်းတွင် ကျည်စထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းတွင် မြစ်ကြောင်းမှ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့် တပ်တော်တို့ကြား ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းရှိ နေဗီသင်္ဘောမှ တိုက်ပွဲဖြစ်ရာနေရာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူတိုက်ခိုက်ခဲ့ကာ စစ်တွေအခြေစိုက် ခမရ ၃၅၄ တပ်ရင်း ကလည်း လက်နက်ကြီးများဖြင့် ညအချိန်မတော် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ရမ်းဗြဲ၊ သိမ်တောင်ဘုရားကုန်း၌ အခြေချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းက ရမ်းဗြဲမြို့နှင့် အနီး အနားနေရာများသို့ လက်နက်ကြီးများဖြင့် ဖေဖော်ဝါရီ ၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းနေ အသက် ၄၇ နှစ်အရွယ် ဒေသပြည်သူ အမျိုးသား ၁ ဦး အပါအဝင် မြစ်နားတန်းရပ်ကွက်မှ ဒေသခံအမျိုးသမီး ၃ ဦးကိုလည်း အကြမ်းဖက်စစ်သား၊ ရဲသားနှင့် စရဖပူးပေါင်းအင်အား ၂၅ ဦးခန့်သည် နေအိမ်အတွင်းသို့ အင်အားသုံးဝင်ရောက်လာကာ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ Y12 ထောက်ပို့လေယာဉ်နှင့် ဂျက်ဖိုက်တာတို့ဖြင့် မြို့ပေါ်ရပ်ကွက်များအပြင် အနီးအနား‌ကျေးရွာများဖြစ်သည့် ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာကျေးရွာများသို့ လေကြောင်းမှ လာရောက်ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ပြည်သူများရှိရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် ရသေ့တောင်မြို့ပေါ်ပြည်သူများသည် မြို့မှစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ပြည်သူများ ထွက်ပြေးနေမှုကို အခွင့်ကောင်းယူ၍ သင်္ဘောတောင်နှင့် စည်ကားတောင်၌ တပ်စွဲအခြေချထားသည့် အကြမ်းဖက်စစ်သားများသည် ရသေ့တောင်မြို့ပေါ်ရပ်ကွက်များက လူနေအိမ်များနှင့် မြို့မစျေးအတွင်းမှ ဆိုင်ခန်းပေါင်း ၇၅ ခန်းမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူသွားခဲ့ကြကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article