25 C
Yangon

ကိုးကန့်ဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်စဉ် လက်နက်ပေါင်းစုံ ၆၃၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကိုးကန့်ဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် လက်နက်ပေါင်းစုံ ၆၃၁ လက် သိမ်းဆည်းရရှိကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က သတင်း ထုတ်ပြန်သည်။

၂၀၂၄ ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်အမြောက်အမြား တင်ဆောင်ထားသော ရေဖျန်းသည့် ထရပ်ကား တစ်စီး တွေ့ရှိရကြောင်း ပြည်သူများက သတင်းပို့လာကြောင်း၊ ထို့ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးရာ လက်နက်အများအပြား သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

စာရင်းဇယားများအရ Type 56 မောင်းပြန်ရိုင်ဖယ် ၂၄၂ လက်၊ Type 81 မောင်းပြန်ရိုင်ဖယ် ၂၉၆ လက်၊ M416 အော်တိုမက်တစ် ရိုင်ဖယ် ၂၈ လက်၊ အမဲလိုက်သေနတ် ၁၇ လက်၊ လက်လုပ်စိန်ပြောင်း ၁၁ လက်၊ Type 69 ဒုံးပစ်လောင်ချာ ၄ လုံး၊ ခေတ် ဟောင်းစက်သေနတ် ၁ လက်၊ Type 56 အပေါ့စား စက်သေနတ် ၁၃ လက် ၊ Type 81 အပေါ့စား စက်သေနတ် ၅ လက်၊ Type 08 စက်သေနတ် ၄ လက်၊ Sela အပေါ့စား စက်သေနတ် ၁ လက်၊ 12.7 စက်သေနတ်ကြီး ၂ လက်၊ ၆၀ မီလီမီတာ မော်တာ ၇ လက် ၊ Type 69 ဘဇူကာ တွန်းပို့ယမ်း ၉ လုံး ၊ Type 69 ဘဇူကာသီး ၁၀ လုံး Type 08 ဘဇူကာပြောင်း ၂ ခု ၊ ၁၂.၇ စက်သေနတ်ကြီး ပြောင်း ၁ ခု နှင့် သေနတ်ပြောင်း ၁ ခု တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ကိုးကန့် အထူးဒေသ ၁ စစ်အုပ်ချုပ်ရေး ကော်မတီက ” ပုဂ္ဂလိက လက်နက် ရောင်းဝယ်မှု တားမြစ်ရေး သတိပေးချက် ” ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ မတိုင်မီ လက်နက် ကိုင်ဆောင်ထားသူများအား ဆန္ဒအလျောက် လက်နက်များ ပေးအပ်ကြရန် အမိန့်ထုတ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article