25 C
Yangon

စစ်ကောင်စီက အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်မှုများကို ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချ

Must read

■ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စစ်ကောင်စီကို ထိရောက်စွာ အရေးယူရေး သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

အကြမ်းဖက်စစ်ကောင်စီက အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု အပါ အဝင် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းနှင့် အလှည့်ကျ အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် ဗြိတိန်၊ အမေရိကန်၊ ဆွစ်ဇာလန်၊ အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လတာ၊ တောင်ကိုရီးယား၊ စလိုဗီးနီးယား စုစုပေါင်း အဖွဲ့ဝင် ၉ နိုင်ငံက ယင်းကဲ့သို့ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်လာပြီဖြစ်သော်လည်း တိုင်းပြည်အခြေအနေမှာ ဆိုးဝါးလာနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီက အရပ်ဘက်၊ စစ်ဘက်ခွဲခြားခြင်းမရှိသော လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ အရပ်သားများနှင့် အရပ်ဘက်အဆောက်အဦများကို စစ်ကောင်စီက တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရေး အာဆီယံ၏ တောင်းဆိုမှုအပေါ် ထောက်ခံကြောင်း အဖွဲ့ဝင် ၉ နိုင်ငံ၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

စစ်အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ပြည်သူ ၁၈ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပြီး ၂ ဒသမ ၆ သန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသော ပြည်သူများထံ လျှင်လျှင်မြန်မြန် ပြည့်ပြည့်၀၀ ဘေးကင်းလုံခြုံစွာ ရောက်ရှိရေး တောင်းဆိုထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ပြီး တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ်လည်း စိုးရိမ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသခွင့်များ ကန့်သတ်ခံနေရမှုများအပေါ်လည်း စိုးရိမ်ကြောင်း၊ ရိုဟင်ဂျာများ နေရပ်သို့ ၎င်းတို့ဆန္ဒသဘောထားအလျောက် ပြန်နိုင်သည့်အခြေအနေများ ဖန်တီးပေးရန်လည်း တောင်းဆိုကြောင်း သိရှိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားသော ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တောင်းဆိုချက်များဖြစ်သော အကြမ်းဖက်မှုများ ရပ်တန့်ပြီး တင်းမာမှုများ လျှော့ချရန် ၊ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန် လည်း တောင်းဆိုကြောင်း၊ လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေး၊ အခြေခံအခွင့်အရေးများကို အားလုံးက လေးစားလိုက်နာရန်ကို လေးစားနာကြရန်လည်း တောင်းဆိုထားသည်။

လက်ရှိ အခြေအနေများတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နှင့်ပတ်သက်၍ တိုးတက်မှုများ မရှိသည့်အပေါ် စိုးရိမ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ရက်ကို အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး မြန်မာလူထု၏ ဒီမိုကရေစီလိုလားသော ဆန္ဒကို လေးစားကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကမူ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးအတွက် ထိရောက်စွာ ဖြေရှင်းပေးပြီး စစ်ကောင်စီကို ထိရောက်စွာ အရေးယူရန် တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article