30 C
Yangon

ကျုံဒိုးမြို့နယ် ရေပူကြီးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၁၄ နှစ်အရွယ် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရ၊ ဆောထိနှင့် လယ်ဒိုမြို့များရှိ ပြည်သူ့နေအိမ်၆ လုံးကို စစ်တပ်က မီးရှို့ကာ ဆိုင်ကယ် ၄ စီး ခိုးယူ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ် ရေပူကြီးကျေးရွာအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်၍ အသက် ၁၄ နှစ်အရွယ် ကလေး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်တွင်လည်း အကြမ်းဖက်စစ်တပ်က ပြည်သူလူထုပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး၍ ဆိုင်ကယ် ၄ စီး ခိုးယူသွားခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ ခလရ ၂၃၀ တပ်ရင်းက ဟောင်ဝစ်ဇာ ၁၀၅ မမ ဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ် ရေပူကြီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲကာ အသက် ၁၄ နှစ်အရွယ် နန်းမေသင်္ကြန်လင်း ကျည်စထိမှန် မစိုးရိမ် ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်တပ်သည်် ညောင်ပင်ပေါက်ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ မလဲ့ နှင့်မသန်းဦးတို့၏ နေအိမ် ၂ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ အတွင်းရှိပြည်သူလူထုများပိုင်ဆိုင်သော ဆိုင်ကယ် ၄ စီးကိုလည်း ခိုးယူသွားခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်လည်း အကြမ်းဖက်စစ်တပ်သည် နတ်သံကွင်း ရဲစခန်းအနီးရှိ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article