30 C
Yangon

ရသေ့တောင် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA က အပြီးသတ်သိမ်းပိုက်၊ မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီး AA က အ‌ပြည့်အ၀ ထိန်းချုပ်

Must read

ရသေ့တောင် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA က အပြီးသတ်သိမ်းပိုက်၊ မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီး AA က အ‌ပြည့်အ၀ ထိန်းချုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီး မြောက်ဦးမြို့နယ်တွင်လည်း စစ်တပ်ကင်းစင်နယ်မြေဖြစ်လာကာ AA က အပြည့်အ၀ ထိန်းချုပ်လိုက်ကြောင်း AA သတင်း ရင်းမြစ်၏ ပြောဆိုချက်နှင့် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ရက္ခိုင်ပြည်၊ ရသေ့တောင်မြိုနယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” ကို ဒုတိယနေ့ဖြစ်သော ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော် AA က စခန်းတစ်ခုလုံးကို ၂ ရက်တာထိုးစစ်အပြီး အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရက္ခိုင်ပြည်၊ မြောက်ဦးတွင် စစ်ကောင်စီ၏လက်ကျန်တစ်ခုတည်း စခန်းဖြစ်သော “ရဲတပ်ရင်း အမှတ် ၃၁ ” ကို ရက္ခိုင့်တပ်‌တော်AAက ဖေဖော် ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ်ထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားကြောင်း၊ မြောက်ဦးမြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ရသေ့တောင် ၊ မောင်တော၊ ကျောက်ဖြူ အပါအဝင် နေရာအများအပြားတွင် တိုက်ပွဲများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ရသေ့တောင်မြိုနယ်၊ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နှင့် သံချောင်းကျေးရွာများသို့ စစ်ကောင်စီ၏ရသေ့တောင်အခြေစိုက် “ခမရ (၅၃၇)” တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်း၌ပင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာအနီး စစ်ကောင်စီ၏ “ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (တစ်နည်း) နခခ (၇)” သည် လက်နက်ချအညံ့မခံသောကြောင့် AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ အဆိုပါစခန်းသည် စစ်ကောင်စီက နှစ်ရှည်လများအခြေချတပ်စွဲထားကာ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နှင့်မြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီ၏ သိမ်တောင်ကုန်းဘုရားပေါ်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထို့ပြင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ထဲမှ အိမ်စီးကား ၃ စီးဖြင့်လာကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များက ကျောက်ဖြူမြိုနယ်၊ ဂုံးချွိန်ကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးအား လက်နက်အင်အားသုံးကာ မြို့ထဲဘက်သို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article