ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ဖို့
ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးတာဆိုပြီး အကြမ်းဖက် ဇော်မင်းထွန်း က ထုတ်ပြောလိုက် လိုက်ပါတယ်။ - အကြမ်းဖက် စစ်ကောင်စီက တနင်္သာရီတိုင်းမှာ လေယာဉ်လက်မှတ်ဝယ်ယူတာတွေ လေယာဉ်စီးတာတွေ အတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ခှုပ်ရေးမှူး ထောက်ခံချက်ပါမှ ရောင်းချပေးဖို့နဲ့ လေဆိပ်ကို အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် ယူဆောင်ဖို့ စစ်တပ်က လျှို့ဝှက် ညွှန်ကြားချက် တစ်ရပ်ကို ထုတ်ပြန်လိုက်တယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။
- ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ သတင်းထောက်ဟောင်း ကိုဖိုးသီဟ နဲ့ ကိုရင်ဆို့ ဆိုသူ အပါအဝင် အရပ်သား ပြည်သူ ၉ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပဲ ရက္ခိုင့်တပ်တော် AA ကနေ အတည်ပြု သတင်းထုတ်ပြန် လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
