25 C
Yangon

ရေဦးမြို့နယ်အတွင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာသောကြောင့် ကျေးရွာ ၉ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာသောကြောင့် ကျေးရွာ ၉ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ရေဦးမြို့ပေါ်ရှိ အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ထန်းတောရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ရေဦးမြို့ထဲကို ကား ၂ စီးဖြင့် ပြန်ပို့ပြီး စစ်ကြောင်းသည် ထန်းတောရွာမှ ငြုတ္တုံရွာထဲကို ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိချိန်တွင် ငြုတ္တုံ၊ မုတ်စီ၊ မူးဆုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ မစိုးရိမ်နှင့် ရွာမိဿာ ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ရေဦး အနောက်ခြမ်း ထွက်ပြေးနေကြရပြန်ပြီ ဒီနေ့မနက် ကစလို့ ရေဦး အထက ၁ ကျောင်းထဲကနေ ထန်းတောရွာထဲကို ခွေးဘီလူး စစ်ကြောင်း အရင်ဝင်လာတယ်။ ထန်းတောရွာထဲ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း နေအိမ်တွေကို ဝင်ရောက်ရှာဖွေ ခိုးယူတာတွေပြုလုပ်ခဲ့တယ်။ ရေဦးကို ခိုးယူ သယ်ထုတ်ခဲ့တဲ့ ပစ္စည်းတွေကို ကား ၂ စီးနဲ့ သယ်ပြီး ရေဦးမြို့ထဲ ပြန်ပို့တယ်။ ပြည်သူပိုင်ပစ္စည်း ဘာတွေပါ သွားတယ်ဆိုတာ မသိရသေးဘူး။ စစ်ခွေးတွေက ကားကြီး ၃ စီးနဲ့ ဂါဝီ ပန်းခြံဘက်မှာ အင်အားထပ်ဖြည့်ပြီး အခုလက်ရှိ ထန်းတောရွာ ဘက်ကနေ ငြုတ္တုံရွာထဲကို ဝင်ရောက်နေကြတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မည်သည့်ရွာကို ဆက်လက် စစ်ကြောင်းထိုးမည်ကို မသိရှိရသေးဘဲ လက်ရှိချိန်ထိ တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article