25 C
Yangon

ရှမ်းမြောက်ဒေသတွင် ၂၀၁၈ ခုခုနှစ်မှ ၂၀၂၄ အထိ တာဝန်ကျခဲ့သော ရဲခရိုင်မှူး နှင့်ထွေ/အုပ် ညွှန်ကြားရေးမှူးများအားလုံးကို တာဝန်မှ ရပ်ဆိုင်း ၊ အရေးယူမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံက သတင်းအချက်အလက်များပေး၍ ဖိအားပေးနေသည်ဟုဆို

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနှင့်လောက်ကိုင်ဒေသအပါအဝင် မြို့နယ်များတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ကျခဲ့သော ရဲခရိုင်မှူးများ၊ ထွေ/အုပ်အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများအားလုံးကို ရာထူးတာဝန်များမှ အနားပေးလိုက်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနထံသို့ စစ်ကောင်စီက ဖြုတ်ပယ်ရမည့် ဝန်ထမ်းများစာရင်းကို ပေးပို့လာရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ကျခဲ့ဖူးသော ခရိုင်ရဲများ၊ ထွေ/အုပ် အုပ်ချုပ်ရေးမှူးများကို ရာထူးတာဝန်မှ ချက်ချင်း အနားပေးလိုက်ခြင်းဖြစ်ကြောင်း၊ အဓိက ကျားဖြန့်နှင့် နိုင်ငံသားကတ်ပြားများကို လိုင်းကြေးနှင့် လာဘ်ငွေများ ရယူ၍ ခွင့်ပြုခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

“ရှမ်းမြောက်၊လားရှိုးလောက်ကိုင် ၂၀၁၈ ကနေ ၂၀၂၄ အထိ ထိ တာဝန်ကျခဲ့ဖူးတဲ့ ရဲခရိုင်မှူးတွေ အကုန် တာဝန် အနားပေးတာ၊

ထွေအုပ်လည်း အတူတူပဲ။ ရဲတွေက ရာထူးတာဝန်ကနေ Dismiss လုပ်တာ။ ကျားဖြန့် တွေ ခွင့်ပြုခဲ့တာနဲ့တရုတ်တွေကို မြန်မာ နိုင်ငံသားကတ်တွေ ထုတ်ပေးခဲ့တဲ့ကိစ္စတွေအတွက် အရေးယူတာ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ကျားဖြန့်ကိစ္စနှင့်ပတ်သက်၍ ယခင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ် အပါအဝင် ရဲအရာရှိကြီးများ၊ ထွေ/အုပ် အရာရှိမျာကိုလည်း ထပ်မံ၍ စုံစမ်းအရေးယူမှုများ ထပ်မံ လုပ်ဖွယ်ရှိနေကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုများသည် တရုတ်နိုင်ငံဘက်မှ လာသော ဖိအားများကြောင့် အဓိကဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံက လောက်ကိုင်ဒေသမှ ပယ်ဆောက်ချိန်အပါအဝင် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်သော တရားခံများကို စစ်ကောင်စီထံမှ လွှဲပြောင်းရယူပြီးနောက် စစ်ဆေးမှုများ လုပ်ဆောင်ပြီး ရရှိထားသော သတင်းအချက်များကို စစ်ကောင်စီထံသို့ ပြန်လည်မျှဝေပြီး အရေးယူမှုများ လုပ်ဆောင်ရန် ဖိအားပေးနေသည့်သဘောဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article