38 C
Yangon

မင်းပြားမြို့နယ်တွင် စစ်သင်္ဘော ၁ စီးကို AA က တိုက်ခိုက်သိမ်းပိုက်၊ AA က သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သော စစ်သင်္ဘော ၉ စီးအထိရှိလာပြီ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်သင်္ဘော ၁ စီးကို ရခိုင်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မင်းပြားမြိုနယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော နောက်ထပ် ၁ စီးကို ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၈ ရက်နေ့များတွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ ရန်သူစစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီး၊ ဇက်သင်္ဘော ၁ စီးတိုအား ရက္ခိုင့်တပ်တော်မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော ၃ စီးစလုံး မီးလောင်ပျက်စီးကာ ရေထဲနစ်မြုပ်သွားအောင် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း မင်းပြားမြိုနယ်၊ ပုလဲပေါက် ကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ မြစ်ကြောင်းတစ်လျှောက်ကျေးရွာများကို လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်ဒုက္ခပေးနေသော စစ်ကောင်စီ၏ စစ်သင်္ဘော ၁ စီးကိုလည်း ရက္ခိုင့်တပ်တော်က ထပ်မံ၍ တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ စုစုပေါင်း ရခိုင်တပ်တော်က တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးခဲ့သော စစ်သင်္ဘော ၅ စီးအထိရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်နေ့အထိ၊ ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီး နှင့် ဇက်သင်္ဘော ၂ စီး စုစုပေါင်း ၅ စီးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း၊ ထို့အတူ အခြားသော စစ်သင်္ဘော ၄ စီးမှာလည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article