37 C
Yangon

တန့်ဆည်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ၃၈ မိုင်အနီး စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး ကျဲချတိုက်ခိုက်ခြင်းကြောင့် ကား ၂ စီး ပျက်စီးပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ၃၈ မိုင်အနီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ကား ၂ စီး ပျက်စီးပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ၃၈ မိုင်အနီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ဝါးများ တင်ဆောင်လာသော ကား ၁ စီးနှင့် စပါးများ တင်ဆောင်လားသော ကား ၁ စီး ထိမှန်ပျက်စီးကာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗုံးကျဲ တိုက်ခိုက်ခံရတဲ့ နေရာက ၃၈ မိုင်နဲ့ ပိုနီးတာပေါ့။ ၃၈ မိုင်ဝန်းကျင်ပေါ့။ ဗုံးကျဲသွားတဲ့ အရေအတွက်က ၇ လုံးလို့လည်း ပြောတယ်။ ထိခိုက်တာက ပြည်သူ ၂ ဦီးပါ။ ကား ဆရာတွေ အခြေအနေတော့ မသိရသေးဘူး။ ဆေးကုသမှု ခံယူနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article