27 C
Yangon

ကလေးမြိုပေါ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၃ ဦးသေဆုံးပြီး စစ်တပ်က ယမန်နေ့ တစ်ရက်လုံး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ၊ ကန်ကြီးကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ကလေးမြိုပေါ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၃ ဦးသေဆုံးပြီး စစ်တပ်က ယမန်နေ့ တစ်ရက်လုံး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကလေးမြိုပေါ်နှင့် မြိုနယ် နေရာအနှံတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ကလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြိုပေါ် မွန်းလိုင်ရပ်ကွက်မှ ဦးလာနွန်ထား၊ မထန်ကျွေး၊ မမော်နီကာတို ၃ ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ မမော်နီကာ၏ ညီမဖြစ်သူမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း သိရှိရသည်။

ထိုပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်ရက်လုံး ကလေးမြိုနယ်တွင် တစ်နေကုန် လက်နက်ကြီးများ စစ်တပ်က ပစ်ခတ်ခဲ့ပြီး အထူးသဖြင့် ကလေးမြို အနီးရှိ ကံကြီးကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ကလေးမြိုမှာ မနေ့ တစ်နေကုန်လက်နက်ကြီးတွေ ပစ်နေပါတယ်။ တပ်တွင်းထဲက အပြင်ဂိတ်တွေကပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ကူနေတာပါ။ ကလေးမြိုနဲ့မလှမ်းမကမ်း ကန်ကြီးရွာဘက်မှာ တိုက်ပွဲဖြစ်တာ။ တော်လှန်ရေးတပ်ဖွဲတွေက ဝင်တိုက်တာ။ မနေ့ည ၉ နာရီကျော် တစ်ညလုံးပစ်ခတ်နေခဲ့တယ်။ စစ်ခွေးတွေ အထိနာတယ်ပြောတယ်” ဟု ကလေးမြိုဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကလေးမြို အနီးရှိ ကန်ကြီးကျေးရွာသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD မဲအနိုင်ရရှိခဲ့သော ကျေးရွာဖြစ်သော်လည်း ကျေးရွာအုပ်ချုပ်ရေးနှင့် ရွာဦးဘုန်းကြီးတို ပူးပေါင်းကာ ကြံ့ဖွတ်ပါတီဝင်တချိုနှင့် ပျူစောထီးတချိုက ကျေးရွာကို အုပ်စီးစိုးမိုးခဲ့ကြောင်း၊ ပြည်သူများ ထွက်ပြေးခဲ့ကြရပြီးနောက် ပျူစောထီးကျေးရွာပုံစံ စစ်တပ်၊ ကြံ့ဖွတ်နှင့် ပျူစောထီးများက လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article