38 C
Yangon

အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း လာရေး တိုက်ပွဲဝင်နေဟု SSPP/SSA ကြေညာ၊ တော်လှန်လိုသော ပြည်သူများကို ကြိုဆိုလက်ခံမည်ဟု ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA အနေဖြင့် အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း လာရေး တိုက်ပွဲဝင်နေပြီး တော်လှန်လိုသော ပြည်သူများကို ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း SSPP/ SSA က ဖိတ်ခေါ်လိုက်သည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် SSPP/ SSA က ထိုသို ကြေညာချက်ထုတ်ပြန်၍ ပြည်သူလူထုကို ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA သည် တော်လှန်သော လမ်းစကို ရှာကြံနေသည့် ဘဝတူ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူ လူထုများအတွက် SSPP/ SSA ၏ ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းတိုကို လက်ခံယုံကြည် လိုက်နာမည်ဆိုလျှင် လူမျိုးဘာသာမရွေး အမြဲပင်လက်ခံကြိုဆိုနေမည်ဖြစ် ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

ယခု လက်ရှိအခြေအနေတွင် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုများသည် စစ်အာဏာရှင်တို၏ နည်းလမ်းပေါင်းစုံဖြင့် ပိုမိုဖိနှိပ်လာခြင်းကို ခံနေရသည့်သတင်းများ နေ့စဉ်နားမဆံ့အောင်ပင် ကြား သိနေရကြောင်း၊ “ဖိနှိပ်မှုရှိလျှင် တော်လှန်မှုရှိသည်” ဆိုသည့် တော်လှန်ရေး၏ နိယာမတရား အတိုင်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူ လူထုများ တော်လှန်သောလမ်းစအသီးသီးကို ရှာကြံ နေကြသည်ကိုလည်း ကြားသိနေရကြောင်း SSPP/ SSA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုကြောင့် မိမိတို SSPP/ SSA သည် တော်လှန်သောလမ်းစကို ရှာကြံနေကြသည့် ဘဝတူအဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုများအတွက် မိမိတို SSPP/ SSA ၏ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်းစည်း ကမ်း တိုကို လက်ခံယုံကြည်လိုက်နာမည်ဆိုလျှင် လူမျိုးဘာသာမရွေး အမြဲပင်လက်ခံကြိုဆိုနေမည် ဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA သည် ရှမ်းပြည်လက်နက် ကိုင်တော် လှန်ရေး၏ တောင်းဆိုတိုက်တွန်းချက်အရ ရှမ်းပြည်လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်၍ ရှမ်း ပြည်လူမျိုးပေါင်းစုံ မိဘပြည်သူလူထုအား အလုပ်အကျွေးပြုသွားနိုင်ရန် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည် သူ လူထုအတွင်းမှ မွေးဖွားသန့်စင်ထွက်ပေါ်လာခဲ့သော ပါတီအဖွဲအစည်းနှင့် တပ်မတော်ဖြစ် ကြောင်း သိရသည်။

SSPP/ SSA အနေဖြင့် လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒတိုကိုဆန့်ကျင်ပြီး လူမျိုး ပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေသွားနိုင်ရေးအတွက် အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း လာရေး တိုကို အစဉ်တစိုက်ဦးတည်ပြီး ရေရှည်လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်နေကြောင်း ထုတ်ပြန်ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article