32 C
Yangon

ပုဏ္ဏားကျွန်း၊ မြိုမရဲစခန်းကို AA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာများကို ဆက်လက် ထိုးစစ်ဆင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြိုနယ် မြိုမရဲစခန်းကို AA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာများကို ဆက်လက် ထိုးစစ်ဆင်နေကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ ပုဏ္ဏားကျွန်း၊ မြိုမရဲစခန်းကို AA က သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထိုပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြိုများရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှရင်း စစ်တပ်စခန်းတချိုကို အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှလျက်ရှိကြောင်း သိရှိရသည်။

ထိုအတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မင်းပြားမြို၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ငါးရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြိုများတွင်ရှိသော တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို၊ ရွာ၊ လူနေအိမ်များအတွင်းသို ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့ကြောင်း သိရှိရသည်။

ထိုပြင် ယမန်နေ့ ညနေ ၅ နာရီ ပတ်ဝန်းကျင်အချိန် စစ်ကောင်စီက ယခင်ရက်များနည်းတူ ရမ်းဗြဲမြိုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်က ဂျက်တိုက်လေယာဉ်၊ Y12 လေယာဉ်များ ကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article