25 C
Yangon

ရန်ကုန်တွင် အရပ်ဝတ် လက်နက်ကိုင်တချိုက ပြည်သူများထံမှ ရွှေထည် လက်ဝတ်ရတနာ လုယက်မှု၊ ငွေညှစ်တောင်းခံမှုများ ဆက်တိုက်ဖြစ်ပွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြိုတွင် အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်သူတချိုက လမ်းသွားလမ်းလာနှင့် ပြည်သူတချိုကို အိမ်စီးကားထဲသိုဆွဲသွင်း၍ လည်းကောင်း၊ အိမ်ပေါ်တက်၍ လည်းကောင်း ရွှေထည်လက်ဝတ်ရတနာ လုယက်မှု၊ ငွေညှစ်တောင်းခံမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း လုယက်ခံရသည့် ရန်ကုန်မြိုမှ ပြည်သူတချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်း လှိင်သာယာမြိုနယ်၊ ၆ ရပ်ကွက်၊ မီးခွက်စျေးတွင် အမျိုးသမီး ၁ ဦးက ရွှေဆိုင်တွင် ရွှေရောင်းပြီး ပြန်ထွက်အလာ လူအများရှေ့တွင်ပင် အိမ်စီးကား တစ်စီးက ယင်းအမျိုးသမီးရှေ့တွင် ပိတ်ရပ်ကြောင်း၊ ကားပေါ်မှ လူတချို ဆင်းလာပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲမှ ဖြစ်ကြောင်း၊ စခန်းသို လိုက်ခဲ့ရန်နှင့် စစ်ဆေးစရာရှိ၍သည်ဟုဆိုကာ ကားထဲသို ခေါ်သွင်းပြီး မောင်းခေါ်လာကြောင်း၊ ယင်းနောက် လမ်းတစ်နေရာတွင် ရွှေ ရောင်းချလာသည့် ငွေများကို ဓားထောက် လုယက်ကြောင်း၊ ရွှေရောင်းရငွေကျပ် ၁၅ သိန်းနှင့် ရွှေထည်တချိုကို လုယက်သွားကြောင်း သိရှိရသည်။

” လူကိုတော့ ဘာမှ မလုပ်သွားဘူး။ မနက်ပိုင်းကြီးကို ရဲအယောင်ဆောင်ပြီး ကားပေါ်ခေါ်တင် လုယက်တာ။ လှိင်သာယာ မြိုနယ် ၆ ရပ်ကွက် မီးခွက်ဈေးမှာ ဒီလ ၂၀ ရက်နေ့မနက်မှာဖြစ်သွားတာ။ လူရှေ့ကားပိတ်ရပ်ပြီး စစ်ဆေးစရာရှိလိုပါဆိုပြီး ကားထဲခေါ်သွားတာ။ ဓားနဲ့ထောက်ပြီး ငွေလုခံရပါတယ်” ဟု လုယက်ခံရသူ၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း တောင်ဒဂုံမြိုနယ်၊ ၅၆ ရပ်ကွက်၊ အောင်တံခွန်လမ်း၊ ဆုပြည့်ရတနာ ၃ လမ်းတွင်လည်း စစ်တပ်နှင့်ရဲဘက်ကဟုဆိုကာ အရပ်ဝတ် လက်နက်ကိုင်ထားသူတချိုက စစ်မှုထမ်းဥပဒေအရ လူငယ်များ စာရင်းကောက်ကြောင်း၊ ယင်းနောက် အိမ်စီးကားဖြင့် လူတချိုက ငွေကြေးချမ်းသာသည့် နေအိမ်များကို ဝင်ရောက် စစ်ဆေးကြောင်း၊ လူငယ်များ ရှိသည့်အိမ်များကို လူငယ်တစ်ဦးလျှင် ငွေကျပ် ၆ သိန်း၊ တောင်းခံကြောင်း သိရှိရသည်။

“လူအကုန်စစ်တယ်။ ပြီးတော့ စစ်ထဲမဝင်ချင်ရင် ၆ သိန်းပေးရမယ်ဆိုပြီးတောင်းတယ်။ အစစ်တွေလား။ အတုတွေလားတော့မသိဘူး။ အရပ်ဝတ်တွေနဲ့ သေနတ်တွေလည်း ကိုင်ထားကြတယ်။ ငွေတွေ ခြိမ်းခြောက် တောင်းသွားတာ” ဟု ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ထိုသို လုယက်မှုများနှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများထံသို တိုင်ကြားမှုများ လုပ်ဆောင်သော်လည်း မည်သည့် အရေးယူမှုနှင့် အမှုဖွင့်ပေးမှု မရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ လက်အောက်ခံ အရပ်ဝတ် လက်နက်ကိုင် စစ်သားနှင့်ရဲတချို။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ လက်အောက်ခံ အရပ်ဝတ် လက်နက်ကိုင် စစ်သားနှင့်ရဲတချို။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article