25 C
Yangon

တန့်ဆည်၊ ကံထူးမရွာ ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် လာကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် လာကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်( အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် အစောပိုင်းတွင် တန့်ဆည်မြို့နယ်၊ ကံထူးမ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရေဦးနှင့် တန့်ဆည် နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် ခွေးဘီလူး စစ်ကြောင်နှင့် ကန့်ဘလူ ဘက်မှ ဝင်ရောက်လာသည့် စစ်ကြောင်း တို့က ကံထူးမရွာကို ဝင်ရောက်လာသောကြောင့် ကံထူးမရွာအနီးရှိ ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများ လေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” တိမ်းရှောင်နေကြရတာက ခွေးဘီလူးစစ်ကြောင်းရန်ရယ် ကန့်ဘလူနယ်ဘက်က ဝင်လာတဲ့ ဝါသဝရဲ့စစ်ကြောင်းရယ်ကြောင့်

အခုချိန်ထိ တိမ်းရှောင်နေကြရတဲ့ ရွာပေါင်း ၂၀ကျော်ရှိထားပြီး စစ်ရှောင်ပြည်သူ ၁သောင်းကျော်တယ်။ ကံထူးမကို ဝင်နေတဲ့ ခွေးဘီလူးစစ်ကြောင်းရန်ရယ်ကြောင့် ကြားညှပ်နေတဲ့ရွာတွေက မအိပ်ရဲကြဘဲ ထွက်ပြေးနေကြရဆဲပဲ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်( အမေ့သား) က ပြောဆိုသည်။

လက်ရှိချိန်တွင် ကံထူးမ၊ အိုင်လျားရှည်၊ ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ ကြက်ဆူကန်၊ မရမ်းမိ၊ သရက်ခါး၊ ရေရှင်ကုန်း၊ ပေကုန်း၊ လက်ဆည်၊ ကျီးကန်၊ အင်ပင်အိုင်၊ အင်ရေအိုး၊ ပန်းထိမ်ကုန်း၊ ရေရှင်၊ လယ်တီး၊ လယ်မ၊ ထန်းတောစု၊ သရက်ကုန်း၊ ဝါးရုံရင်း၊ မြေဂူ၊ ကြောင်ဆင်းအိုင်၊ အင်ပင်အိုင်၊ သစ္စေးပင်လှ၊ ပဲခင်းကြီး၊ ခရမ်းခြံ၊ ရွှေကတော်၊ ကျွဲဆွဲ၊ တနယ်၊ သရက်ကွ၊ မှန်ကြိုင်၊ မှန်ရင်း၊ ရွာသစ်၊ ကိုးတောင်ဘို့၊ သာယာကုန်းနှင့် ဝါးရငယ် စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

ကံထူးမ ရဲစခန်းသိမ်း တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာကာ ကံထူးမ ကျေးရွာရှိ နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

Photo – ကံထူးမရွာကို အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသော ပြည်သူများနှင့် ပျက်စီးသွားသော နေအိမ်များ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article