25 C
Yangon

ရခိုင်ပြည်နယ်တွင် ပျောက်ဆုံး (သိုမဟုတ်) သေဆုံးခဲ့ကြသော စစ်သည်များ၏ ဇနီးများနှင့် မိသားစုများအတွက် ဝန်ကြီးဌာနများတွင် အလှူငွေကောက်၊ စစ်တပ်ကလည်း အလှူခံနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်တွင် ပျောက်ဆုံး(သိုမဟုတ်) သေဆုံးခဲ့ကြသော စစ်သည်များ၏ ဇနီးများနှင့် မိသားစုများအတွက် ဝန်ကြီးဌာနများတွင် အလှူငွေကောက်ခံလျက်ရှိကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်တွင် စစ်သင်္ဘောများ နစ်မြုပ်၍ သေဆုံးခဲ့ ကြသော စစ်သည်များ၊ တိုက်ပွဲများ တွင် သေဆုံးခဲ့ကြသော စစ်သည်များ၏ ဇနီးများ၊သားသမီးများ၊ ကျန်ရစ်သူမိသားစုများအတွက် တတ်နိုင်သမျှ အလှူငွေ ထည့်ဝင်ကြရန် နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းတွင် အလှူငွေများ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဌာနအနေနဲ့ ထည့်မလား၊ တစ်ဦးချင်းစီထည့်မလားဆိုတာမျိုး ဌာနအလိုက် စီစဉ်ကြရတယ်။ ဌာနအလိုက်ကတော့ အနည်းဆုံး ၂ သိန်း ထည့်ရမယ်ပြောတယ်။ ခက်တာက လိုလိုလားလား ဘယ်သူကမှ မထည့်ချင်ကြတာ” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လတ်တလော ရန်ကုန်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးတပ်(ဘုရင့်နောင်)တွင် ရခိုင်ပြည်နယ်၊ စကခ(၉) လက်အောက်ခံ တပ်ရင်းများမှ မှီခို သက်ကြီးရွယ်အို ကျား ၁၀ ဦး၊ စစ်သည်များ၏ ဇနီး ၅၃ ဦး၊ အရွယ်ရောက်ပြီး ကလေး ကျား/မ ၂၈ ဦး၊ အရွယ်မရောက်သေးသော ကလေး ကျား/မ ၂၁ ဦး ၊ စုစုပေါင်း ၁၁၂ ဦးတိုရောက်ရှီနေပြီး ၎င်းတို၏ ဖခင်များမှာ ရခိုင်ပြည်နယ်တွင် သေဆုံး ( သိုမဟုတ်) ပျောက်ဆုံး အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်ကလည်း ရခိုင်ပြည်နယ်မှ ရောက်ရှိလာသော သေဆုံး (သိုမဟုတ်) ပျောက်ဆုံး စစ်သည်များ၏ မိသားစုဝင် ၁၁၂ ဦး အတွက် စစ်တပ်များ၊ တပ်ရင်းများနှင့် စစ်တပ်၏ အမာခံ စီးပွားရေးသမားများကို အလှူခံနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article