30 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • နေပြည်တော် နဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတွေကို KNU က ထိုးဖောက်မှာ ဖြစ်တယ်လို့ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး က ပြောလိုက်ပါတယ်။
  • စစ်ကိုင်းမြို့မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ရဲတင့် လိုက်ပါလာတဲ့ ယာဉ် တန်းကို တော်လှန်ရေးတပ်ပေါင်းစုကနေ မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်အရာရှိ ၂ ဦးသေသွား တဲ့အပြင် ကား ၃ စီးပါ ပျက်စီးသွားတယ်လို့ စစ်ကိုင်းမြို့အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ် နဲ့ နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောထားပါတယ်။
  • မန္တလေးတိုင်းက မြင်းခြံ -တောင်သာလမ်းပေါ်မှာ ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေး မှူးမိုးစန်း အပါအဝင် ပျူစောထီး အဖွဲ့ဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက အရှင် ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article