30 C
Yangon

ဟိုပုံးမြိုနှင့် မိုင်းပွန်မြို အကြားရှိ စစ်ကောင်စီ၏ လွယ်ဝိုးတုတ်စခန်းကို SSPP နှင့်မဟာမိတ်တပ်များ သိမ်းပိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြိုနှင့် မိုင်းပွန်မြို အကြား ထမ်းဆန်းဂူအပေါ်ဘက်ရှိ စစ်ကောင်စီ၏ လွယ်ဝိုးတုတ်စခန်းကို SSPP နှင့် မဟာမိတ်တပ်ဖွဲများ ကသိမ်းပိုက်လိုက်ကြောင်း မဟာမိတ်တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက် ၄ နာရီ ၃၀ မိနစ်တွင် မိုင်းပွန်မြိုနှင့် ထမ်းစန်းဂူ အကြားတွင် SSPP နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲများ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်ပြီး မိုင်းပွန်တွင် စစ်တပ်၊ လက်အောက်ခံPNO တပ်များနှင့် SSPP တပ်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ယနေ့ မွန်းတည့်ပိုင်းတွင် စစ်ကောင်စီ၏ လွယ်၀ိုးတုတ်စခန်းကို SSPP နှင့်မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ထမ်းဆန်းဂူအပေါ်ဘက်မှာရှိတဲ့ စကစ လွယ်ဝိုးတုတ်စခန်းကို ကျနော်တို ရပါပြီ။ တိုက်ပွဲကတော့ အရမ်းပြင်းထန်ခဲ့ပါတယ်။ ” ဟု တော်လှန်ရေး မဟာမိတ်သတင်းရင်းမြစ်က ပြောဆိုသည်။

တိုက်ပွဲကြားတွင် ပိတ်မိခဲ့သော ဒေသပြည်သူတစ်ဦးကလည်း “ဒီနေ့ မနက် ၄ နာရီ ၃၀ မိနစ်လောက်က ဟိုပုံးဘက်ကနေ တက်လာတဲ့ စစ်ကောင်စီ အဖွဲကို မိုင်းပွန်နဲ့ ထမ်းစန်းဂူ အကြားမှာ SSPP အဖွဲက အနီးကပ် ဝိုင်ထားပြီး တိုက်ခိုက်တာ SSPP က ဒရုန်းတွေနဲ့ကော ချတာ စစ်ခွေးတွေဘက်မှာ လက်နက်ကြီး ထိတဲ့ကောင်တောင် ပြန်မဆွဲနိုင်ဘူး” ဟု ပြောဆိုသည်။

လက်ရှိတွင် SSPP ဘက်မှ မဟာမိတ်တပ်များ ပါဝင်တိုက်ခိုက်ကြပြီး စစ်ကောင်စီတပ်ဘက်မှ PNO တပ်များက အလုံးအရင်းဖြင့် ပါဝင်တိုက်ခိုက်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article