25 C
Yangon

တန့်ဆည်မြိုနယ်၊ ကံထူးမကျေးရွာတစ်ခုလုံးကို စစ်တပ်က မီးတင်ရှိဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တန့်ဆည်မြိုနယ်၊ ကံထူးမနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ သိမ်းပိုက်ရှင်းလင်းပြီး နောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကာ အထိနာနေသော အကြမ်းဖက်စစ်တပ် ဘီလူးစစ်ကြောင်းက ယနေ့ နေအိမ်များကို မီးရှိဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ကံထူးမနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှိရှင်းလင်းခဲ့ကြောင်း၊ ယင်းနောက် ကံထူးမစံပြရွာသို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်၏ ဘီလူးစစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ ည ၈နာရီမှ ‌ဖေဖော်ဝါရီလ ၂၃ရက်နေ့ နံနက် ၆နာရီခန့်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များက ထပ်မံပိတ်ဆိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက် ကျဆုံးမှု များပြားခဲ့ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောဆိုသည်။

” ရဲစခန်းသိမ်းပြီးတော့ လေကြောင်း အကြိမ် ၂၀ကျော်နဲ့ ဗုံးကျဲတယ်။ ရေဦးနယ်ဘက် ရောက်နေတဲ့ ဘီလူးစစ်ကြောင်းကလည်း လေ‌ကြောင်းပစ်ကူယူပြီး ကံထူးမထဲကို ဝင်တပ်စွဲတယ်။ ရဲစခန်းက ပြာကျသွားတော့ အထပ်မြင့်တိုက်တွေပေါ်မှာ တပ်စွဲထားတာကို ကျနော်တိုက ဝင်တိုက်တာ။ ထိခိုက်မှု အတော်များတယ်၊ အတည်မပြုနိုင်သေးဘူး” ဟု ပြောသည်။

တိုက်ပွဲကြောင့် အထိနာနေသော အကြမ်းဖက်စစ်တပ်က စစ်သားအလောင်းများကို မီးရှိသင်္ဂြိုလ်ရင်း ကျေးရွာ၏ တောင်ဘက်နှင့် မြောက်ဘက်ရှိ နေအိမ်များကိုပါ မီးတင်ရှိလိုက်ခြင်း ဖြစ်သည်ဟု ကံထူးမစံပြရွာ ဒေသခံများက ဆိုကြသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် တစ်ဦး လည်ပင်း လက်နက်ကြီးထိမှန်သဖြင့် အရေးပေါ် ဆေးကုသနေရပြီး အခြားတပ်ဖွဲဝင် ၆ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article