25 C
Yangon

ပဲခူးမြို့နယ်၊ ကမ်းမြင့်ကျေးရွာတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အဝေးရောက် လူငယ်များကို အုပ်ချုပ်ရေးမှူးထွန်းလင်းက ပြန်ခေါ်ခိုင်း၊ ထွက်ပြေးလျှင် ကျန်ရစ်သူများကို ထောင်ချမည်ဟု ခြိမ်းခြောက်

Must read

ပဲခူးမြို့နယ်၊ ကမ်းမြင့်ကျေးရွာတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အဝေးရောက် လူငယ်များကို အုပ်ချုပ်ရေးမှူးထွန်းလင်းက ပြန်ခေါ်ခိုင်း၊ ထွက်ပြေးလျှင် ကျန်ရစ်သူများကို ထောင်ချမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကမ်းမြင့်ကျေးရွာတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အဝေးရောက် လူငယ်များကို အုပ်ချုပ်ရေးမှူးထွန်းလင်းက ပြန်ခေါ်ခိုင်းနေကြောင်း ကျေးရွာမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် အိမ်ထောင်စုစာရင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး ထွန်းလင်းက တောင်းခံပြီး စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်အရေအတွက် ၁၀၀ ဝန်းကျင်ရှိကြောင်း၊ အိမ်ခြေ ၆၀၀ ကျော်ရှိသော ကမ်းမြင့်ကျေးရွာမှ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်အားလုံးသည် ကျေးရွာသို့ ပြန်လာရမည်ဖြစ်ပြီး စစ်မှုထမ်းရန်အတွက် မဖြစ်မနေ လက်မှတ်ထိုးရမည်ဖြစ်ကြောင်း၊ အကယ်၍ စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ကျန်ရစ်သူ မိသားစုကို ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။

“ရွာလူကြီး ထွန်းလင်းက အိမ်ခြေ ၆၀၀ ကျော်မှာ လူငယ်အရေအတွက် ၁၀၀ ကျော်ရှိတယ်။ အဲဒီလူငယ်တွေကို အဝေးရောက်နေရင်လည်း ရအောင်ပြန်ခေါ်ပေးရမယ်လို့ပြောတယ်။ မနက်ဖြန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရွာမှာ အစည်းအဝေးခေါပြီး မိဘတွေကို လက်မှတ်ထိုးခိုင်းမယ်။ စစ်မှုထမ်းရမှာ ထွက်ပြေးရင် ဖြစ်ဖြစ်၊ အ ဆက် အသွယ်မလုပ်ရင် ဖြစ်ဖြစ် ကျန်ခဲ့တဲ့မိသားစုဝင်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ကမ်းမြင့်ကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ကမ်းမြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ထွန်းလင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး တက်လုပ်သူဖြစ်ပြီး စစ်တပ်အတွက် သတင်းပို့ခြင်း၊ စစ်တပ်က ခိုင်းစေမှုများကို အားတက်သရော လုပ် ဆောင်ပေးခြင်း၊ ပြည်သူ့စစ်နှင့်တပ်သားစုဆောင်းမှုများကို စိတ်ပါ လက်ပါ ကူညီနေသူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အစည်းအဝေး တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article