35 C
Yangon

ကလေးမြိုနယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ၊ လက်နက်ကြီးများ ဆက်တိုက်ပစ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲကာ လက်နက်ကြီးများ ဆက်တိုက်ပစ်နေကြောင်း ကလေးမြိုမှ ပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၃ နာရီမှစတင်၍ ကလေးမြိုနယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း၊ နံနက် ၆ နာရီ အချိန်တွင်မူ စစ်တပ်က တိုက်လေယာဉ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

“ပျူရွာနဲ့ စစ်တပ်စခန်းတွေကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေ ဝင်တိုက်တယ်လို ပြောတယ်။ လက်ရှိတော့ အခြေအနေ မသိရသေးဘူး။ လေယာဉ်တွေနဲ့လည်း ပစ်တယ်။ လက်နက်ကြီးတွေလည်း တောက်လျှောက်ပဲ ပစ်ခတ်နေတာ” ကလေးမြိုနယ်ရှိ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက် ၆ နာရီအချိန်မှစတင်၍ ယခုလက်ရှိ သတင်းရေးသားနေအချိန်အထိ စစ်ကောင်စီတပ်က လေ ကြောင်း တိုက်ခိုက်မှုများကို မရပ်မနားလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ကလေးမြောက်ပိုင်း တမူးလမ်းပေါ်ကရွာတွေ ဘက်ကိုလေယာဥ်တွေနဲ့အခုတင်ဗုံးလာကျဲနေလို။ တစ်ညလုံးလည်း လက်နက်ကြီးတွေနဲ့ပစ်ထားသေးတယ်။ ပြည်သူတွေကတော့ သေနတ်သံနဲ့ ဝေးရာ ပြေးနေရတယ်။ မနက် ၃နာရီလောက်ကတည်းက စစ်ခွေးတွေက လက်နက်ကြီးနဲ့ထုနေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေးမဟာမိတ်တပ်များက ယခုရက်ပိုင်းအတွင်း ကလေးမြိုနယ်ပတ်ဝန်းကျင်ရှိ ပျူစောထီးရွာနှင့် စစ်တပ်စခန်းများကို တောက်လျှောက် တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၂ စီး။(ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၂ စီး။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article