25 C
Yangon

ဘုတလင်ဈေးတွင် ဈေးလာဝယ်သည့် ရဲတပ်သား ကျော်ကိုကိုခန့် ပစ်သတ်ခံရသဖြင့် စစ်ကောင်စီတပ်က မြို့မဈေးကို မီးတင်ရှို့၊ စစ်တပ်က ပြည်သူများကို ဦးတည်ပစ်ခတ်သဖြင့် သံဃာ ၁ ပါးနှင့် ပြည်သူ ၅ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ပေါ် ဘုတလင်စျေးအတွင်း ယနေ့ နံနက်ပိုင်း စျေးလာ၀ယသည့် ရဲတပ်သား ကျော်ကိုကိုခန့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့်အတွက် စစ်ကောင်စီတပ်များက စျေးအတွင်းသို့ ရောက်ရှိလာကာ စျေးကို မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန် ဘုတလင်စျေးအတွင်း စျေးဝယ်လာသည့် ရဲတပ်သား ကျော်ကိုကိုခန့်သည် စျေးဝယ်နေချိန် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာကာ ရဲတပ်သားပစ်ခတ်ခံရသည့်နေရာသို့ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်သဖြင့် သံဃာတော် ၁ ပါး၊ ပြည်သူ ၅ ဦးကျည်ထိမှန်ဒဏ်ရာရရှိကြောင်း၊ ထို့ပြင် ဘုတလင် မြို့မစျေးကိုပါ မီးတင်ရှို့နေကြောင်း သိရှိရသည်။

“ရဲတပ်သားက ဈေးလာဝယ်ရင်း ပစ်သတ်ခံရတာ။ အဲဒီလိုပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က သေနတ်သမားကို လိုက်ပစ်ဆိုပြီး ရမ်းသန်းပစ်ခတ်လို့ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ၅ ဦးကျည်ထိမှန်တာတွေ ရှိတယ်။ ရဲတပ်သားကိုလာပစ်တဲ့အဖွဲ့ကတော့ ဘယ်အဖွဲ့လာပစ်တယ်လို့တော့ အတိအကျမသိဘူး။ အဲဒီလို ရဲတပ်သားပစ်သတ်ခံပြီး ခဏနေတော့ စစ်ကားတွေနဲ့ ဈေးထဲရောက်လာပြီးတော့ အခုစျေးကို မီးတင်ရှိုနေ့တယ်” ဟု ဘုတလင်စျေးမှ စျေးဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က ဘုတလင်မြို့မဈေးကို ၂၀၂၃ခုနှစ် မတ်လ ၃ ရက်နေ့ကလည်း အကြောင်းမဲ့ မီးတင်ရှို့သဖြင့် ဆိုင်ခန်း ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ဖူးကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နစ် မတ်လ ၃ ရက်နေ့ စစ်တပ်က ဘုတလင်မြို့မစျေးကို မီးတင်ရှို့ခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နစ် မတ်လ ၃ ရက်နေ့ စစ်တပ်က ဘုတလင်မြို့မစျေးကို မီးတင်ရှို့ခဲ့စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article