25 C
Yangon

ကရင်ပြည်နယ်တွင် စစ်ကောင်စီက နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲထားသည့် မော်ဖူး(ရိုးစလင်း) စခန်းကို စွန့်ခွာထွက်ပြေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်းတွင် နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲထားသည့် မော်ဖူး (ရိုးစလင်းစ ခန်း) ကို ဒရုန်းဖြင့် ဗုံးကျဲ၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ဖိအားပေးခဲ့ရာ စစ်ကောင်စီ တပ်သားများ မနေရဲ တော့ဘဲ စခန်းစွန့်ခွာထွက်ပြေးကြောင်း Force for Federal Democracy – FFD ဒရုန်းတပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ KNU တပ်မဟာ ၅ နယ်မြေအတွင်း နှစ် ပေါင်း ၃၀ နီးပါး တပ်စွဲထားသည့် အင်အား စစ်သား ၄၀ ခန့်ရှိသော မော်ဖူး (ရိုးစလင်းစခန်း)ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံး အလုံး ၄၀ ကျော် ကျဲချခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် ဖိအားပေးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများမှာ စခန်းအတွင်း ဆက်လက်နေထိုင်ရဲခြင်းမရှိတော့ဘဲ စွန့်ခွာထွက်ပြေး သွားကြောင်း သိရသည်။

“စစ်သား ထိခိုက်သေဆုံးမှုကတော့ မသိရပါဘူး၊ စခန်းပေါ်တက် ရှင်းတဲ့အချိန်မှာ စစ်ခွေးသေ အလောင်းတွေ တော့မတွေ့ရပါဘူး၊ မူတြော်ခရိုင် ၊ လူသောမြိုနယ်၊ ဖလပ်ခိုကျေးရွာအတွင်းမှာရှိတဲ့ ကူခိုတပ်စခန်း ထဲကို နောက် တဆင့် ဆုတ်ခွာသွားတယ်လို သိရတယ်။ FFD တပ်ဖွဲအနေနဲ့ ရဲဘော်သစ်တွေခေါ်ယူ နေတယ်ဆိုတဲ့ အကြောင်း အသိပေးလိုပါတယ်” ဟု Force for Federal Democracy – FFD ဒရုန်း တပ်ဖွဲမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသည့် စစ်တပ်စခန်းအတွင်းသို KNLA နှင့် FFD တပ်ဖွဲများက ဝင်ရောက်ရှင်းလင်းစဉ် ၆၀ မမ အလုံး ၆၀ ၊ ရှေ့ထွက်မိုင်း ၃ လုံးတိုကို တွေ့ရှိ သိမ်းဆည်း ရရှိခဲ့ ကြောင်း Force for Federal Democracy တပ်ဖွဲက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၏ စစ်ရေး ဦးဆောင်မှု ဖြင့် FFD Drone တပ်ဖွဲက ဒရုန်းဖြင့်ဗုံးကျဲကြောင်း၊ KNLAတပ်ဖွဲက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စစ်တပ်စခန်းသည် သည် ရိုးစလင်းချောင်းဘေးတွင် တည်ရှိ ပြီး ၁၉၉၅ ခုနှစ်တည်းက အထိုင်ချတပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article