25 C
Yangon

မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်း အစပ်ရှိ မလွှတောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ မလွှတောင် စစ်တပ်စစ်ဆေးဆေရးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Mon State Revolutionary Force – MSRF ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီခွဲခန့်က ၇၇ နှစ်မြောက်မွန်အမျိုးသားနေ့ကို ဂုဏ်ပြု သောအားဖြင့် ရန်ကုန်-ထားဝယ် အမှတ် ၈ ကားလမ်းပေါ်ရှိ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြား တွင် တည်ရှိသော မလွှတောင်စစ်ဆေးရေးဂိတ် စခန်းကုန်းကို SFZ Drone ဖြင့် ဗုံး ၇ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ ဒရုန်းဗုံးသီး ၂ လုံးမှာ စစ်ဆေးရေးဂိတ်ပေါ်သို တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ဗုံး ၅ လုံးမှာ စစ်ကောင်စီတပ်သားများ ခြေကုပ်ယူရာ စခန်းကုန်းအတွင်း ကျရောက်ပေါက် ကွဲခဲ့ ကြောင်း သိရသည်။

ထိုသို ဗုံးကျဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ညနေ ၃ နာရီအထိ လမ်းပိတ်ထားခဲ့ကြောင်း၊ စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ဒေါန တပ်ခွဲ – ၄) ၏ ဒရုန်း တပ် ဖွဲ၊ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF နှင့် Ye Air Force (YAF) ထားဝယ် ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း SKY Ghost drone Force တို ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article