29 C
Yangon

မုံရွာမြို့နယ်၊ မုံရွေး-ကြေးမုံ ရွာကို ဝင်ရောက် မွှေနှောက်နေသော စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ကျည်ထိမှန် ဒဏ်ရာရရှိထားသော PDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

Must read

မုံရွာမြို့နယ်၊ မုံရွေး-ကြေးမုံ ရွာကို ဝင်ရောက် မွှေနှောက်နေသော စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ကျည်ထိမှန် ဒဏ်ရာရရှိထားသော PDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

■ စစ်တပ်၏ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေး-ကြေးမုံ ရွာကို ဝင်ရောက် မွှေနှောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ကျည်ထိမှန် ဒဏ်ရာရရှိထားသော PDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မုံရွေး၊ ကြေးမုံရွာ အတွင်းသို့ ဝင်ရောက် မွှေနှောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း၊ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force က လက်ပစ်ဗုံး ၂ လုံးဖြင့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် PDF ရဲဘော် ဇော်ထက်အောင်သည် ခြေထောက်တွင် ကျည်ထိမှန်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း၏ စူပါကာစတန်ကား ၁ စီး၊ 125 ဆိုင်ကယ် ၁ စီး၊ စူပါကပ်ဆိုင်ကယ် ၁ စီး၊ ကာဘိုင် ၃ လက်၊ ၆၀ မမ ၄ လုံး၊ လက်လုပ်လက်ဗုံး ၃ လုံး၊ 5.56 ကျည် ၅ တောင့်၊ 7.62 ကျည် ၅ တောင့် ၊ ယမ်း ၁ ပိဿာ၊ စကားပြောစက် ၁ လုံး၊ ပြောက်ကျား ယူနီဖောင်း ၇ စုံ၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ ပြောက်ကျားဘောင်းဘီ ၄ ထည်၊ ကျည်ကာ ဦးထုပ် ၈ လုံး၊ ကျည်ကာအင်္ကျီ ၁၀ ထည်၊ ကီးပတ်ဖုန်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေတို့ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဗန်စီ​ကျေးရွာရှိ နေအိမ် ၁ လုံးနှင့် နိဗ္ဗာန်ဝကျေးရွာရှိ ကျောင်းဇရပ် ၁ ဆောင်၊ ကြက်ခြံ ၄ ခြံ၊ နေအိမ် ၂ လုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၄ ဦးအား ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း အနေဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်း ပူဆွေးလျက် အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ပြီး ကျဆုံးသွားသော ရဲဘော်ဇော်ထက်အောင်၏ စွန့်လွှတ် အနစ်နာခံမှုအပေါ် လေးစားသောအားဖြင့် ရဲဘော်၏ အသက်နှင့်ရင်းထားသော ယုံကြည်ချက်ပန်းတိုင်ဖြစ်သည့် ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှင်းရေးနှင့် တရားဥပဒေစိုးမိုးသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ပေါက်ရေးအတွက် ကျန်ရစ်သော မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa ရဲဘော်များမှ ပိုမိုစွမ်းဆောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article