25 C
Yangon

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများက ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီး

Must read

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများက ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မတ္တရာမြို့နယ်ဘက်မှ ဖောကား ၄ စီး ၊ ကားသေး ၁ စီးဖြင့် ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အား ၉၀ ခန့်ဖြင့် ခြေတော်ရွာကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မြို့ထင်ကျေးရွာမှ အသက် ၅၈ နှစ်အရွယ် ဦးလှထွန်းနှင့် သဲဖြူချောင်းကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ကိုဝင်းမင်းထွန်း တို့ကိုဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်ဖက် စစ်တပ် စစ်ကြောင်းသည် ဆင်ရွာကျေးရွာ မှ ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် မြစ်ကမ်းကျေးရွာမှ ပြည်သူပိုင် နေအိမ် ၈ လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“၂၇ ရက်နေ့ နံနက် ၃ နာရီ ဝန်းကျင်လောက်မှာ မတ္တရာကနေ ဖောကား ၄ စီး၊ ကားသေး ၁ စီးနဲ့ စစ်ခွေးတွေက မတ္တရာမြို့နယ် ခြေတော်ရွာ ကျေးရွာ အနီးမှာရှိတဲ့ ကိုးပွန် အနီးမှာ စကစတွေ ချပြီးတော့ မတ္တရာမြို့နယ် ဆင်ရွာကျေးရွာ မြို့တွင်ကျေးရွာဘက်ကို အင်အား ၉၀ ခန့်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာရှိတယ်။ ဒီမနက် ၈ နာရီလောက်မှာ စကစ က ဆင်ရွာကျေးရွာ မြစ်ကမ်းကျေးရွာက နေအိမ် စုစုပေါင်း ၁၀ လုံးကို မီးရှို့ဖျက်ဆီးတာရှိတယ်။ ညနေပိုင်းမှာလည်း ပြည်သူ ၂ ဦး သတ်ခံရတဲ့ဖြစ်စဉ်လည်း ရှိတယ်” ဟု မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် မန္တလေး နန်းတွင်းထဲမှ သင်တန်းဆင်းလာသည့် ပြည်သူ့စစ်များနှင့် မတ္တရာမြို့နယ် ရေနံ့သာရှိ ပျူစောထီးများ ပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article