25 C
Yangon

ဝက်ထီးကန်မြို့နယ်၊ ဝမ်းကြောင်းရွာတွင် ပျူစောထီး ဖွဲ့စည်းရန် စည်းရုံးနေသည့် အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး လက်လုပ် သေနတ် ၁ လက်၊ ဖုန်း ၂၄ လုံးနှင့် မှတ်ပုံ ၁၉ ခုတို့ကို သိမ်းဆည်း

Must read

ဝက်ထီးကန်မြို့နယ်၊ ဝမ်းကြောင်းရွာတွင် ပျူစောထီး ဖွဲ့စည်းရန် စည်းရုံးနေသည့် အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး လက်လုပ် သေနတ် ၁ လက်၊ ဖုန်း ၂၄ လုံးနှင့် မှတ်ပုံ ၁၉ ခုတို့ကို သိမ်းဆည်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်း၊ ဝက်ထီးကန်မြို့နယ်၊ ဝမ်းကြောင်းရွာတွင် ပျူစောထီး ဖွဲ့စည်းရန် စည်းရုံးနေသည့် အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး လက်လုပ် သေနတ် ၁ လက်၊ ဖုန်း ၂၄ လုံးနှင့် မှတ်ပုံ ၁၉ ခုတို့ကို သိမ်းဆည်းခဲ့ကြောင်း ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း ၂ စစ်ကြောင်းတာဝန်ခံ စောဒေးဗစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၅ ရက် ည ၁၁ နာရီ ၁၅ မိနစ်မှ နံနက်စောပိုင်း ၁ နာရီ မိနစ် ၃၀ အချိန်အထိ ဝက်ထီး ကန်မြို့နယ်၊ ဝမ်းကြောင်း ရွာတွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ ဖွဲ့ရန်နှင့်ပျူ စောထီးသင်တန်းတက်ရောက်ရန် လူအင်အားငွေအင်းစု ဆောင်းကူညီ နေသည်ဟု နာမည်ကြီးနေ သော အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးကို ပိတ်ဆို့ ဖမ်းဆီးပြီး စစ်ဆေးကာ သတိပေးတားမြစ်ကာ လက် လုပ်လေသေနတ် ၁ လက်၊ လက်ကိုင်ဖုန်း ၂၄ လုံး၊ မှတ်ပုံတင် ၁၉ ခုကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

ပဲခူးတိုင်း အနောက်ပိုင်း ကျေးရွာများ၌ အများပြည်သူလက်မခံသည့် အကြမ်းဖက်စစ်ကောင်စီကို လူအား၊ ငွေအား၊ ထောက်ပံ့ခြင်း၊ ပျူစောထီးများ ထပ်မံဖွဲ့စည်းခြင်းတို့ မလုပ်ဆောင်ကြရန် နောက် ဆုံးသတိပေးခြင်းဖြစ်ပြီး သတိပေးချက်အား လိုက်နာခြင်းမရှိပါက အင်အားသုံးပစ်ခတ်ရှင်းလင်း တော့မည်ဖြစ်ကြောင်း ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၂ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article