25 C
Yangon

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဒရုန်းဖြင့် ၁၀ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဒရုန်းဖြင့် ၁၀ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဒရုန်းဖြင့် ၁၀ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီခန့်မှ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်အထိ ၈ ကြိမ်၊ ညနေ ၅ နာရီ မိနစ် ၃၀ မှ ၅ နာရီ ၄၅ မိနစ်အထိ ၂ ကြိမ် မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၁၀ လုံး ကျဲချ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိ နိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ခွေးသေထိခိုက်မှုကတော့ စုံစမ်းနေတုန်းပါ၊ သေဆုံးမှုကတော့ ရှိတယ်၊ အတိအကျ မသိရတာ၊ သတင်း စုံစမ်းရင်း သတင်းထုတ်ပြန်တာပါနောက်ကျသွားတာ၊ ဒီနေ့အထိ စုံစမ်းလို့မရဘူးဖြစ်နေ တယ်၊ ပြီးတော့ တပ်ရင်းအနေနဲ့ “ပြည်တော်လည်းဝင် ကျည်းလည်းဆင်” ကမ်းပိန်းလေးလုပ်နေပါ တယ်၊ လိုအပ်နေတဲ့ ခဲယမ်း၊ ကျည်တွေထပ်ဖြည့်ဖို့အတွက်ပါ” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင် အမှတ် ၃ တပ် ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင် အမှတ် ၇ တပ်ရင်း ၊ မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ CHAUK PDF၊ MGN 35 ၊ Golden Eagle ၊ Justice Warrior Forces နှင့် Shinning Stars တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article