32 C
Yangon

မင်းပြားမြို၊ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ်၊ မင်းပြားမြို၊ ကမ်းနီရွာရှိ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း(သိုမဟုတ်) တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၇ နာရီ အချိန် ရက္ခိုင်ပြည်၊ မင်းပြားမြို၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သိုမဟုတ်) “တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း” ကို ရက္ခိုင့်တပ်တော် AA က အလုံးစုံသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရကြောင်း၊ စစ်တပ်၏ လေကြောင်းမှ မရပ်မနားခုခံတိုက်ခိုက်နေမှုနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်တိုက်ခိုက်နေမှုများရှိခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် ၁၀ ရက်အတွင်း တိုင်းဗဟို ၉ ကို စစ်ကောင်စီက လက်လွှတ်လိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းကျောင်းအတွင်းမှ စစ်သား အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဤထိုးစစ်အောင်ပွဲအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက်စွန့်လွှတ်ခဲ့ရသောသူများ အားလုံးကို ရက္ခိုင့်တပ်တော် AA က လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင် အပ်ကြောင်း သိရှိရသည်။

ယခင်ရက်များက AA က ထိုးစစ်ဆင်တိုက်ခိုက်နေသော ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြိုရှိ စစ်တပ်စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် အတွက် AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရှိရသည်။

ထိုပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၁ နာရီခွဲခန့် အချိန်တွင် မင်းပြားမြိုနယ်၊ သေကံကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးဆုံးရှုးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း သေဆုံးသွားခဲ့သော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသက်ဇော်အောင် (ခ) တာဇံ ၏ နာရေးကို တပ်လိုင်းခန်းတွင် ပြင်ဆင်ထားမှု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း သေဆုံးသွားခဲ့သော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသက်ဇော်အောင် (ခ) တာဇံ ၏ နာရေးကို တပ်လိုင်းခန်းတွင် ပြင်ဆင်ထားမှု။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article