36 C
Yangon

သထုံမြို့နယ်အတွင်းရှိ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှ မိုးကောင်း(ဖရဲသီးတန်းအနီး) တံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး၊ လမ်းပန်းဆက်သွယ်ရေးများအားလုံး ပြတ်တောက်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှ မိုးကောင်း(ဖရဲသီးတန်းအနီး) တံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး၊ လမ်းပန်းဆက်သွယ်ရေးများအားလုံး ပြတ်တောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက် ၄ နာရီဝန်းကျင်အချိန် သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု(ဖရဲသီးတန်းအနီး) ရန်ကုန်-မော်လမြိုင်လမ်းကြီးပေါ်မှ မိုင်တိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ အကြားရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲခံရပြီး တံတားလုံး၀ ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း သိရှိရသည်။

“မနက် ၄ နာရီလောက်မှာ မိုင်းကွဲတာ ဆက်တိုက်ပဲ။ တံတားကတော့ လုံး၀ ပျက်စီးသွားပြီ။ ကားတွေတော့ ဖြတ်မရလို့ ကားတန်းကြီးဖြစ်နေတယ်။ ဘယ်ဘက်က ခွဲလဲတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article