36 C
Yangon

မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ကော့သောင်းအကျဥ်းထောင်သို ဒုတိယအကြိမ် ထပ်မံ ထောင်ပြောင်းရွှေ့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှ နှစ်ရှည်ထောင်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသားအများစုကို ကော့သောင်းထောင်သို ဒုတိယအကြိမ်ထပ်မံ ထောင်ပြောင်း‌ရွေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၃ နာရီမှစတင်ပြီး နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား၁၅၀ ကို သင်္ဘောဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ယနေ့ကနဦး ထောင်ပြောင်းရွှေ့မှုတွင် အကျဉ်းသား ၁၀၀ နှင့် အကျဉ်းသူ ၅၀ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

“နိုင်ငံရေးအကျဉ်းသား အနည်းဆုံးတော့ ၇၀ ပါတယ်လို ကြားတယ်။ ၁၀ နှစ်နဲ့ ပိုပြီးမှ နှစ်ပိုများပါတယ်။ ဒီတစ်ခေါက် ထောင်ပြောင်းတဲ့ အထဲမှာ။ အသေးစိတ်တော့ စုံစမ်းဆဲပါ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ဖေဖော်ဝါရီလအတွင်းအနည်းဆုံး လူဦးရေ ၃၅၀ ခန့် ပြောင်းရွှေ့မည်ဟု စုံစမ်းသိရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ပြောဆိုထားသည်။

ဓာတ်ပုံ – စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသားတချို လွှတ်ပေးသည့်ပုံအဟောင်းဖြစ်ပါသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသားတချို လွှတ်ပေးသည့်ပုံအဟောင်းဖြစ်ပါသည်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article