25 C
Yangon

စစ်တွေဈေးအတွင်းသို စစ်ကောင်စီ၏ရေတပ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ခန့်ဒဏ်ရာရ

Must read

စစ်ကောင်စီက စစ်ရာဇဝတ်မှုများကျူးလွန် နေမှု နိုင်ငံတကနှင့် အိမ်နီးနားချင်းနိုင်ငံများက ဝိုင်းဝန်း ဆန့်ကျင် တားဆီးပေးကြရန် AA တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေမြိုရှိ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် သင်္ဘောတစ်စီးပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ခန့် ထိ ခိုက်ဒဏ်ရာရရှိခဲ့ ကြေင်း ရခိုင့်တပ်တော် – AA က တရားဝင် ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် သင်္ဘောတစ်စီးပေါ်မှ စစ်တွေမြို၊ ကိုးရီးယားဆိပ်ကမ်းဈေးအတွင်းသို လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ ၃၁ ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ ၅၀ နီးပါးအထိရှိရာ စုစုပေါင်း ၈၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် စစ်တွေမြိုနှင့် စစ်တွေမြိုပတ်ဝန်းကျင်အနီး တဝိုက်၌ မည်သည့်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိပါဘဲ အများပြည်သူလူထု ဈေးရောင်း ဈေးဝယ်၊ လူစည်ကားနေသောအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို လူအစုလိုက် အပြုံလိုက် သေဆုံးစေရန် တမင်တကာ ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ပြီး ဤလုပ်ရပ်မှာ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း လက်ရဲ ဇက်ရဲ ကျူးလွန်လိုက်ခြင်း ဖြစ်ကြောင်း ရခိုင့်တပ်တော် – AA က ပြောဆိုထားသည်။

ပြည်သူလူထုကို အဓိကပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြားအမိန့်ပေးနေသော အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ယခုကဲ့သိုသော လုပ်ရပ်များကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရမည် ဖြစ်ပြီး ရက္ခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်ကျူးလွန်နေမှုများတွင် ပါဝင်ပတ်သက်နေ သောသူ များအား စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ဆက်လက် အသိပေးထားသည်။

ယခုကဲ့သို လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွားပြင်းထန်သော စစ်ရာဇဝတ်မှုများကျူးလွန် နေသော အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် ဝိုင်းဝန်း ဆန့်ကျင် တားဆီးပေးကြပါရန် ရက္ခိုင်အမျိုးသားအဖွဲချုပ်မှ တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသ စစ်မျက်နှာတွင် တပ်ရင်း၊ တပ်မ ဌာနချုပ်များ တစ်ခုပြီး တစ်ခု ကျဆုံးပြီး မြိုများ တစ်မြိုပြီးတစ်မြို လက်လွှတ်နေရကာ စစ်ရှုးနေမှုကို လက်မခံနိုင်ဘဲ အရှက်ရ ဒေါသအမျက် ထွက်လျက် လူမျိုးရေးအမုန်းတရားများဖြင့် ပြည်သူကိုပစ်မှတ်ထား တိုက် ခိုက်ခြင်း၊ လူမျိုးရေးပဋိပက္ခများဖန်တီးခြင်း အစရှိသည့် အောက်တန်းကျသော နည်းလမ်းပေါင်းစုံတို ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာလျက်ရှိကြောင်း၊ ထိုကဲ့သိုသောလုပ်ရပ်များကို သတိထား စောင့်ကြည့်ပေးပါရန် ဆက်လက်အသိပေးအပ်ထားသည်။

မိုက်ရူးရဲဆန်ပြီး ဖက်ဆစ်စိတ်အပြည့်ဖြင့် ပြည်သူများကို လက်နက်အားကိုးဖြင့် ပစ်ခတ်သတ်ဖြတ် နေသော အကြမ်းဖက် စစ်ကောင်စီသည် အများပြည်သူများ သွားလာနေထိုင်ရာ မြို၊ ရွာ၊ နေအိမ် များ၊ ဈေးများ၊ စာသင် ကျောင်းများ၊ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားကာ နေ့စဉ်ရက်ဆက် တိုက် ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့်သွားလာ နေထိုင်ကြပါရန် ရက္ခိုင် အမျိုးသားအဖွဲချုပ်က အထူးတိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article