25 C
Yangon

လူ့အခွင့်အရေး ချိုးဖောက်တာ၊ အကြမ်းဖက်တာနဲ့ ရာဇဝတ်မှု ကျူးလွန်တာမရှိရင် ထားဝယ်နည်းပညာတက္က သိုလ် ကျောင်းအုပ်ကြီးနဲ့ ဌာနမှူး တွေကို ပြန်လွှတ်ပေးဖို DDMSCတောင်းဆို

Must read

ရန်ကုန် | မတ် ၁

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲတခုဖြစ်တဲ့ ဗထူးတပ်မတော်က ဖမ်းဆီးထားတဲ့ ထားဝယ် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ဌာနမှူး တွေကို ပြန်လွှတ်ပေးဖို ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ သာမန် Non- CDMဝန်ထမ်းတွေသာဖြစ်ပြီး CDMဝန်ထမ်းတွေ၊ကျောင်းသားတွေနဲ့ ပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်တာ ၊ ခြိမ်းခြောက်တာတွေမရှိဘူးလို DDMSCက ဆိုပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)က အတင်းအဓမ္မဖိအားပေး ပါဝင်ခိုင်းလိုမရဘဲ မိမိသဘောဆန္ဒအရသာလုပ်ဆောင်ရတာဖြစ်လို Non- CDMဝန်ထမ်းအနေနဲ့ သူ့ဟာသူ ဆက်လက်ရပ်တည်နေတာဟာ နိုင်ငံသားတဦးအနေနဲ့ ရွေးချယ်ခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တယ်လို သပိတ်ကော်မတီကဆိုပါတယ်။

ဗထူးတပ်မတော်အနေနဲ့ အဆိုပါ Non- CDMဝန်ထမ်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ဌာနမှူး တွေကို ဖမ်းဆီးလိုက်တာဟာ စစ်ကောင်စီလက်အောက်ခံ ပညာရေးယန္တရားကို ဆက်လက်အကောင်ထည်ဖော်ဆောင်နေလို ဖမ်းဆီလိုက်တာလို DDMSCက ယူဆပြီး ဒီဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူ Non -CDMဝန်ထမ်း ၃ဦးက လူ့အခွင့်အရေးချိုးဖောက်တာ၊ အကြမ်းဖက်တာနဲ့ ရာဇဝတ်ပြစ်မှုကျူးလွန်ထားတာမရှိဘူးဆိုရင် ဗထူးတပ်မတော်အနေနဲ့ လက်နက်ကိုင်တပ်ဖွဲတွေ လေးစားလိုက်နာရမယ့် နိုင်ငံတကာလူသားချင်းစာနာမှု စံနှုန်းတန်ဘိုးတွေအရ ပြန်လွှတ်ပေးဖိုကို DDMSCက တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲတစ်ဖွဲဖြစ်တဲ့ ဗထူးတပ်မတော်က ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒု-ပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ အင်္ဂလိပ်စာဌာန ဌာနမှူး ဒေါ်စုစုလတ်နဲ့ မြိုပြအင်ဂျင်နီယာဌာန ဌာနမှူး ဒေါက်တာနန္ဒာလွင်တို (၃)ဦးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာလို သိရပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article