25 C
Yangon

မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကား ၃ စီး ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Goldern Target Force (GTF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသည့် အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို ခေါ်ဆောင်ရန် မုံရွာမြို့မှ ထွက်လာသည့် Jammer တပ် ဆင်ထားသော ကား ၃ စီးကို မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာ၌ ပဒေသာမိုင်း ၆ လုံး၊ M-18 မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ စီးမြောက်ကားမှာ လမ်းဘေးထိုးရပ်သွားပြီး အများအပြား ထိခိုက် သေဆုံးနိုင်ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် မအူဂိတ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများက အိမ်စီးကား ဖြင့် ထွက်လာပြီး မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာ ပတ်ဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင် မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတော့ အခုထိတော့ မပြန်သေးဘူး သေစရင်းက စုံစမ်းဆဲပါပဲ။ စစ်ခွေးတွေ အများအပြားထိလို့ အိမ်စီးကားနဲ့ လာပြီး ပြန်ပစ်တာ ကားကို လမ်းဘေးထိုးရပ်ပြီး ပြန်ပစ်တာ” ဟု Goldern Target Force (GTF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Target Force (G.T.F) အဖွဲ့သားများမှ ဦးဆောင်၍ Gurdian Force (မုံရွာမြို့နယ် ပ.လ.ဖ)၊ 5/Commando Forceအဖွဲ့သားများနှင့်အတူ ပူးပေါင်းကာ ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article