25 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၈၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ် သား ၂၅ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၈၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ် သား ၂၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီလ အ တွင်း တိုက်ပွဲပေါင်း ၈၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်း စဉ်က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကရင်အမျိုးသား အစည်းအရုံး ၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် – KNLA-အမှတ် ၅ တပ်မဟာနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ အကြား ရင်ဆိုင်တိုက်ပွဲပေါင်း ၈၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၂၅ ဦးသေဆုံးကာ ၄၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းတပ်ဖွဲ့များ က အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းလှုပ်ရှားရာလမ်းကြောင်းများ၊ စားနပ်ရိက္ခာသယ်ဆောင် ရာ လမ်းကြောင်းများ၊ သောက်သုံးရေခတ်သောက်ရာလမ်း‌များကို နေ့စဉ်ဖြတ်တောက်ထားမှုကြောင့် အကြမ်းဖက်စစ်သားများက ၎င်းတို့၏တပ်စခန်း ၃ ခုကို စွန့်လွှတ်ထွက်ခွာခဲ့ရကြောင်း သိရသည်။

နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူများ နေ ထိုင်ရာကျေးရွာနှင့် အသက်မွေးဝမ်းကျောင်းပြုရာနေရာများအတွင်းသို့ တမင်ရည်ရွယ်ကာ လက်နက် ကြီးဖြင့် ကျည် ၉ လုံးပစ်ခတ်ခဲ့ရာတွင် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ် က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article