25 C
Yangon

စစ်ထဲမဝင်လိုသူတွေ ရဲထဲဝင်ကြဖို့ စစ်ကောင်စီက လိုက်လံစည်းရုံး ဖိအားပေး ခြိမ်းခြောက်ပြန်

Must read

ရန်ကုန်၊ မတ် ၄

အကြမ်းဖက်စစ်ကောင်စီက စစ်ထဲမဝင်လိုတဲ့ လူငယ်တွေအနေနဲ့ ရဲထဲဝင်ကြဖို့ လိုက်လံ စည်းရုံးနေပြီး ရဲထဲဝင်ကြဖို့ လှုံ့ဆော်တဲ့ လက်ကမ်းကြော်ငြာတွေကို ဝေငှနေတယ်လို့ ဧရာ၀တီတိုင်းမှ ပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုပါတယ်။

စစ်ကောင်စီက ပြည်သူများ စစ်မှုမထမ်းမနေရ ဥပဒေအရ ဧပြီလမှ စတင်ပြီး စစ်ထဲဝင်ရမှာဖြစ်ပြီး အကယ်၍ စစ်ထဲကို မလိုက်ချင်ဘူးဆိုရင်တော့ ရဲထဲကို ဝင်ကြဖို့ လိုက်လံ စည်းရုံးနေတဲ့အပြင် ဖိအားပေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“သူတို့ ပြောတာကတော့ စစ်ထဲကို မဝင်ချင်ရင် ရဲထဲဝင်ပေါ့။ ရဲထဲကတော့ စစ်ထဲလောက် မကြမ်းတမ်းဘူး။ ရဲဆိုရင်တော့ စခန်းရဲလည်း လုပ်လို့ရသလို ယာဉ်ထိန်းရဲ၊ ရေကြောင်းရဲ၊ ဆိပ်ကမ်းရဲ စသည်ဖြင့် စစ်သားလို ရှေ့တန်း ထွက်စရာမလိုဘူး။ ကိုယ့်မြို့ကိုယ့်ရွာပဲ နေလို့လည်းရမယ်ပေါ့။ အဲဒီလိုမျိုးတွေ စည်းရုံးနေတယ်။ ရဲထဲရောက်နေတဲ့ သူကိုတော့ စစ်မှုထမ်းဖို့ မခေါ်ဘူးဆိုတာမျိုး ပြောဆိုလာတယ်” လို့ ပုသိမ်မှ ပြည်သူတစ်ဦးက ရှင်းပြပါတယ်။

ရဲထဲဝင်ရင်တော့ လစာလည်း ကောင်းတဲ့အပြင် နေစရာ လိုင်းခန်းကစလို့ လိုအပ်ချက်တွေ အကုန်ဖြည့်ဆည်းပေးမှာဖြစ်တဲ့အပြင် ဘွဲ့ရဆိုရင် အရာရှိစာမေးပွဲ ဖြေဆိုနိုင်ကြောင်း၊ အတန်းပညာမပြီးဆုံးသေးရင်လည်း ရဲထဲရောက်မှ ပညာဆက်လက်သင်ယူပြီး အဝေးသင်တက္ကသိုလ် ဘွဲ့ရသည်အထိ စာမေးပွဲဖြေဆိုလို့ရကြောင်း၊ ရဲတစ်ဦးကို အနိမ့်ဆုံးလစာ ၂၇၈၀၀၀ ကျပ်ရရှိမှာဖြစ် ကြောင်း၊ စစ်ထဲ မလိုက်ချင်တဲ့သူတွေ စစ်မှုထမ်းခိုင်းမယ့်ဘ၀ ကနေ လွတ် မြောက် ဖို့ဆိုရင် ရဲထဲဝင်တာက အသင့်တော်ဆုံးဖြစ်တယ်လို့ စစ်ကောင်စီဘက်က စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။

ရဲထဲဝင်ချင်သူတွေအနေနဲ့ နီးစပ်ရာ ရဲတပ်ဖွဲ့ ကို ဆက်သွယ်ပြီး အမြန်ဆုံးဝင်ရောက်ကြဖို့ စစ်ကောင်စီက ပြည်သူတွေနဲ့ မိဘတွေကို ဖိအားပေးနေတာလည်းဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article