25 C
Yangon

ရက္ခိုင့်ပြည်သူများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် စစ်ခုံရုံးတင်မည့် စစ်သုံ့ပန်းများထဲတွင် စစ်ကောင်စီတပ်၏ ဗိုလ်မှူးချုပ်အဆင့် မှ တပ်သားအဆင့်ထိပါဝင်ပြီး ထိရောက်စွာ အပြစ်ပေးမည်

Must read

ရန်ကုန်၊မတ် ၄

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်က ဖမ်းမိထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနက်မှ စစ်ရာ၀ဇတ်မှု ကျူးလွန်မှုအတွက် စစ်ခုံရုံးတင်မည့်အထဲတွင် ဗိုလ်မှူးချုပ်အဆင့်မှ တပ်သားအဆင့်ထိပါဝင်ကြောင်း ရက္ခိုင့်တပ်တော် AA မှ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ယနေ့ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယင်းသို့ စစ်ခုံရုံးတင်မည့် စစ်ကောင်စီတပ်သားများကို ပြစ်မှုနှင့်ပြစ်ဒဏ်မျှတအောင် စီရင်ဆောင်ရွက်ကာ အရေးယူသွားမည်ဖြစ်ကြောင်း၊ရခိုင်ပြည်သူများအပေါ် မည်သည့်တပ်ရင်းတပ်ဖွဲ့များက မည်သို့ ပြစ်မှု ကျူးလွန်သည်ကို အသေးစိတ်မှတ်တမ်းတင်ထားပြီး ဖမ်းမိသည့်အချိန်မှစ၍ စစ်ဆေးမေးမြန်းကာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ခိုင်သုခ ကပြောသည်။

ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် အာရက္ခပြည်သူများအား စစ်ရာဇ ဝတ်မှု ကျူးလွန်ရန် အမိန့်ပေးခဲ့သော အထက်အရာရှိကြီးများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ် မှုကို ကိုယ်တိုင်ကိုယ်ကျကျူးလွန်ခဲ့ကြသော တပ်ဖွဲ့ဝင်များပါဝင်ပြီး အဆိုပါ ပုဂ္ဂိုလ်များကို စစ်ခုံရုံးတင်၍ မိမိတို့ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ရက္ခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ စစ်ပွဲများအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထောင် ချီကာ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်သုံ့ပန်း ဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ အကောင်းဆုံး ထိန်းသိမ်းစောင့် ရှောက် ထားကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article