25 C
Yangon

NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက အညာဒေသအခြေပြု BLDF တပ်ဖွဲ့ကို တော်လှန်ရေး အင်အားစုအဖြစ် အသိအမှတ်ပြုပြီး စစ်ရေး လှုပ်ရှားမှုများ ပူးပေါင်း ဆောင်ရွက်မည်

Must read

NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက အညာဒေသအခြေပြု BLDF တပ်ဖွဲ့ကို တော်လှန်ရေး အင်အားစုအဖြစ် အသိအမှတ်ပြုပြီး စစ်ရေး လှုပ်ရှားမှုများ ပူးပေါင်း ဆောင်ရွက်မည်

ရန်ကုန်၊ မတ် ၅

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အညာဒေသအခြေပြု BLDF တပ်ဖွဲ့ကို တော်လှန်ရေး အင်အားစုအဖြစ် အသိအမှတ်ပြုပြီး စစ်ရေး လှုပ်ရှားမှုများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မတ်လ ၃ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဦးဆောင်သော ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဗမာ လွတ်မြောက်ရေး ဒီမို ကရက်တစ် တပ်ဦး (BLDF) တာဝန်ရှိသူများ လွတ်မြောက်နယ်မြေ တနေရာတွင် တွေ့ဆုံခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးပွဲတွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) သည် ဖက်ဒရယ် ဒီမို ကရေစီ ပဋိညာဥ် (FDC) အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို လက်ရှိ ကြားကာလ တော် လှန်ရေး အစိုးရ အဖြစ် အလေးအနက် အသိအမှတ်ပြု လက်ခံထားသည့် မူဝါဒရှိသည့် အလျောက် အမျိုးသားညီညွတ်ရေး အစိုးရ၏ ယန္တရားများ ဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကို လက်ခံအသိအမှတ် ပြုပြီး တော် လှန်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရမှ ချမှတ်ထားသော စစ်သည်တော်ကျင့်ဝတ်များ (Code of Conduct) ကို တင်းကြပ်စွာ လိုက်နာသွားမည်ဖြစ်ပြီး အရပ်သားအစိုးရ၏ သြဇာကို အပြည့်အဝခံယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

BLDF အနေဖြင့် တော်လှန်ရေးအောင်မြင်စေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေး ဝန်ကြီးဌာန (MOD)၏ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) အောက်တွင် လိုက်နာ ဆောင် ရွက်သွားမည် ဖြစ်သည့်အပြင် တခုတည်းသော မဟာဗျုဟာ၊ တခုတည်းသော ကွပ်ကဲမှု (One Strategy, One Command) အောက်တွင် BLDF ၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကာ ကွယ် ရေး ဝန်ကြီးဌာန (MOD) ၏ တစ်စုံလုံးဆိုင်ရာ စစ်ရေးစီမံချက်များနှင့်အညီ ဟန်ချက်ညီ လိုက် ပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက် တစ် တပ်ဦး (BLDF) အား တော်လှန်ရေးအင်အားစု တခုအဖြစ် လက်ခံအသိအမှတ်ပြုပြီး လိုအပ် သော ထောက်ပံ့ကူညီမှုနှင့် ညှိနှိုင်းကွပ်ကဲမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article