25 C
Yangon

စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံးနိုင်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင်း ကားမီးလောင်ပြီး ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြိုနယ်စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံးနိုင်ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင်း ကားမီးလောင်ကာ ပြည်သူ ၂ ဦးသေဆုံးနိုင်ကြောင်း စစ်ကိုင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၅ ရက်၊ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြိုနယ် စစ်ကိုင်း – မုံရွာ ကားလမ်းပေါ်တွင် မြင်းမူမြိုနယ်မှ စစ်ကိုင်းသို ပြန်လာသော စစ်ကောင်စီ စစ်ကားကြီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကာ သေဆုံးနိုင်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဖွဲဝင်များက စစ်ကားပေါ်မှ ပစ်ခတ်ရာ စက်သုံးဆီ ဆီဘောက်ဆာကားကို ကျည်ထိပြီး မီးလောင်သွားကြောင်း၊ ဆီဘောက်ဆာကားမီးလောင်စဉ် ဆိုင်ကယ်ဖြင့်လာသည့် သားအမိ ၂ ဦးယူဆရသည့် အမျိုးသမီ ၁ ဦးနှင့် ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တို မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“သေဆုံးသွားတဲ့ သားအမိ ၂ ဦးက မြင်းမူကလို သိထားရပါတယ်” ဟု စစ်ကိုင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

စစ်ကောင်စီစစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားဘီးများ ကွဲ ပျက်စီးသွားကြောင်း၊ ယင်းနောက် ပစ်ခတ်မှုများ လုပ် ဆောင်ပြီး လုယက်မှုများလည်း စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ၊ စစ်ကားကို ပြန်လည် ပြင်ဆင်ပြီးနောက် နံနက် ၁၁ နာရီကျော်အချိန် စစ်ကိုင်းဘက်သို ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article