25 C
Yangon

မင်းအောင်လှိုင် ကိုယ်တိုင် ယတြာချေ ထီးတော်တင်ရန် ပြင်နေသည့် ပဲခူး ကျိုက်ပညာယျစေတီ ငြမ်းဆင်နေစဉ် အလုပ်သမား ၁ ဦး ပြုတ်ကျသေဆုံး

Must read

ပဲခူးမြိုတွင် မင်းအောင်လှိုင် ခရီးစဉ်အတွက် လုံခြုံရေး တင်းကျပ်ထားပြီး ဒရုန်းဖျက်စက်နှင့်ဒရုန်းပစ်ချသည့် လက်နက်များတိုးမြှင့်တပ်ဆင်

ရန်ကုန်၊ မတ် ၇

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိင် ကိုယ်တိုင် ယတြာချေ ထီးတော်တင်ရန် ပြင်နေသည့် ပဲခူး ကျိုက်ပညာယျစေတီ ငြမ်းဆင်နေစဉ် အလုပ်သမား ၁ ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ပဲခူးမြို၊ ပဲခူးတက္ကသိုလ်အနီး ဘုရားသုံးဆူ၊ သမိုင်းဝင် ကျိုက်ပညာယျစေတီ ထီးတော်တင်ရန် စစ်အင်ဂျင်နီယာ တပ်ရင်းက ပြင်ဆင်နေပြီး မင်းအောင်လှိင်ကိုယ်တိုင် လာရောက် ထီးတင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အကြမ်း ဖက် မင်းအောင်လှိင်က ရက်ချိန်း ခဏခဏ ပေးသော်လည်း လာရောက်နိုင်ခြင်းမရှိသေးကြောင်း၊ သိုရာတွင် မင်းအောင်လှိင် လာလျှင် နားနေရမည့် အဆောင်များ၊ လုံခြုံရေး အစီအမံများကို ပဲခူးတိုင်းအုပ်ချုပ်ရေးအဖွဲနှင့် စစ်တပ်က ကြိုတင်စီစဉ်ထားကြောင်း၊ လက်ရှိတွင် စေတီ ထီးတော်တင်ရန်ငြမ်းဆင်မှုများ လုပ်နေစဉ် အလုပ် သမား ၁ ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း၊ မင်းအောင်လှိင်လာမည်ဖြစ်၍ အလုပ်သမား ပြုတ်ကျသေဆုံးမှု ဖြစ်စဉ်ကို စစ်တပ်နှင့် ပဲခူးတိုင်း အုပ်ချုပ်ရေးအဖွဲက ဖုံးဖိထားကြောင်း သိရှိရသည်။

“ဒီနေ့မတ်လ ၇ ရက်နေ့မှာ ပဲခူးတိုင်းဝန်ကြီးချုပ်က အရန်စေတီများ ထီးတင်မယ်။ မတ်လ ဒုတိယ ပတ်အတွင်းမှာတော့ တပ်ချုပ်က ထီးတင်မယ်လို သိရတယ်။ ပဲခူးမြို ကျိုက်ပညာယျ စေတီတော်ကို ငြမ်းဆင်နေတုန်း အလုပ် သမားတစ်ဦး ပြုတ်ကျသေဆုံးတယ်။ ဌာနဆိုင်ရာတွေက သတင်းဖုံးဖိထားတယ်။ မင်းအောင်လှိင် မလာသေးပေမယ့် ပဲခူးတိုင်း အဝင်အထွက် လုံခြုံရေး တင်းကျပ်ထားတယ်။ အခု ဘုရားထီးတင်ဖိုက စစ်အင်ဂျင်နီယာတပ်က အဓိက လုပ်နေပါတယ်” ဟု ပဲခူးတိုင်းစစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက် မင်းအောင်လှိုင်လာလျှင် နားနေမည့် အဆောင်၊ ထိုင်ခုံ အပါအဝင် မင်းအောင်လှိင်ကို ကျွေးမွေး ဧည့်ခံရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း သိရှိရသည်။

“တပ်ချုပ် နားနေဆောင်ပါ ဆောက်ထားပြီး။ သူ့မှာ ခါးနာတတ်လို ထိုင်ခုံကအစ သေချာ စီစဥ်ထားတယ်။ စစ်တပ်နဲ့ မြိုပေါ်က ဌာနဆိုင်ရာတွေတော့ ပြင်ဆင်မှုတွေ အများကြီးလုပ်နေကြပြီ။ ဒရုန်းဖျက်စက်တွေ၊ ဒရုန်းပစ်ချတဲ့ သေနတ်တွေ ပိုတိုးပြီးတော့ တပ်ဆင်နေတယ်” ဟု ပဲခူးတိုင်းစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article